မော်ဒယ်လ်စုလှိုင်ဝင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး သီချင်းMVတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးပါနော်။

Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page

ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး ကြွေလောက်စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ သွယ်လျလှပပြီး အချိုးအစားပြေပြစ်ကာ မြင်သူတိုင်း အားကျရလောက်တဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် လိုက်ဖက်လှပတဲ့ ဆံနွယ်အရှည်လေးတွေကိုလည်း သေချာထိန်းသိမ်းတတ်သူပါ။

Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page

ယနေ့မှာတော့ စုလှိုင်ဝင်းက သူမ အမြတ်တနိုး တန်ဖိုးထားရတဲ့ ဆံပင်အရှည်ကို အနည်းငယ်ညှပ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ညှပ်လိုက်တဲ့ ဆံပင်ပုံစံအသစ်လေးက သူမရဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပေါ်လွှင်နေတာလည်း ဖြစ်ပါတယ်။ အရင်ကထက် ပြီးပြည့်စုံတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ စုလှိုင်ဝင်းရဲ့ ပုံရိပ်အလန်းလေးတွေကို ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်နော်.....။

Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page
Photo credit - Su Hlaing Win's Facebook Page

Source & Photo credit - Su Hlaing Win's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။