ပရိသတ်တွေကြားမှာ ဟာသလူရွှင်တော်တစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးပေါ်လေးကတော့ ယခုလက်ရှိအချိန်မှာ ဘုန်းကြီးလူထွက်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးတတ်တဲ့ သူကို မသိသူမရှိပါဘူးနော်။ ဦးပေါ်လေးက အသက်အရွယ်တစ်ခုကြောင့် အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်နိုင်တော့ပေမယ့် သူရဲ့ သား ချစ်စုကတော့ ပရိသတ်တွေကြားမှာ ယနေ့တိုင် ရပ်တည်အောင်မြင်နေသူပါ။

Photo credit -မောင်ချစ်စု and Art of Live's FB page
Photo credit -မောင်ချစ်စု and Art of Live's FB page

ချစ်စုက လက်ရှိ နာမည်ကြီး မြန်မာပြည်စတားလူရွှင်တော်အဖွဲ့တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်ကြိုက်ဟာသဉာဏ်ရွှင်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  ချစ်စုရဲ့ ဇနီးကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါနော်။ ဖခင် ဦးပေါ်လေးအပေါ်မှာလည်း ဇနီးမောင်နှံနှစ်ယောက်လုံးက ရိုသေလေးစားကြတာကို တွေ့ရပါတယ်။

Photo credit -မောင်ချစ်စု and Art of Live's FB page
Photo credit -မောင်ချစ်စု and Art of Live's FB page

ယခုမှာလည်း ကျန်းမာရေးမကောင်းတဲ့ ဖခင်ကို ဘုန်းကြီးလူထွက်ခိုင်းပြီး အိမ်မှာ ထမင်း၊ ဟင်း ကောင်းတွေနဲ့ သေချာ ပြုစုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ဖခင်ရဲ့ ကျေးဇူးကြွေးကို ဆပ်နေကြတဲ့ ချစ်စုတို့ ဇနီးမောင်နှံနှစ်​ယောက်ကတော့ တကယ်ကို ချီးကျုးစရာကောင်းလွန်းနေတာပါနော်။ ဖခင် ဟာသလူရွှင်တော်ကြီး ဦးပေါ်လေးရဲ့ ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit -မောင်ချစ်စု and Art of Live's FB page
Photo credit -မောင်ချစ်စု and Art of Live's FB page
Photo credit -မောင်ချစ်စု and Art of Live's FB page

Source & Photo credit -မောင်ချစ်စု and Art of Live's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။