ပြည်သူချစ်ဟာသအနုပညာရှင်ကြီးဖြစ်တဲ့ ဒိန်းဒေါင်ကတော့ အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်သူဖြစ်သလို အောင်မြင်နေတဲ့ ထိပ်တန်း ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်ပြီး ဟာသဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒိန်းဒေါင်ကတော့ ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။

Photo credit - Dain Daung's FB account
Photo credit - Dain Daung's FB account

ဟာသဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဒိန်းဒေါင်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေကိုလည်း အားတက်သရောပါဝင်လုပ်ကိုင်တတ်တဲ့ ဒိန်းဒေါင်က ယခုလို Covid ကာလမှာ များစွာသော အလှူတွေကို ပြုလုပ်လျှက်ရှိနေတာပါ။

Photo credit - Dain Daung's FB account
Photo credit - Dain Daung's FB account

ယနေ့မှာတော့ ဒိန်းဒေါင်က " မသေခင်တွေ့ချင်တယ်ဆိုလို့လာတွေ့ပေးခဲ့တယ် ခင်ဗျားလိုချင်တဲ့ထမီအသစ်(3)ထည်နဲ့ဆေးဖိုးလဲပေးခဲ့တယ်နော် ကျွန်တော်တာဝန်ကျေတယ်နော် ဒီမနက်6:30မှာခလေးနှစ်ယောက်ကိုလူ့လောကမှာထားခဲ့ပြီးခင်ဗျားထွက်သွားတယ် တာဝန်? " ဆိုပြီး မနေ့တနေ့ကမှ သွားရောက်ကြည့်ရှုခဲ့တဲ့ လူနာက သေဆုံးသွားတာဖြစ်လို့ ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးအတွက် ဒိန်းဒေါင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Dain Daung's FB account

Source & Photo credit - Dain Daung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။