ခြင်ကိုက်ခံရရာမှ zombie ဇာတ်ကောင်များတွင်တွေ့ရတတ်သော အနာအကွက်များကဲ့သို့ သြစတြေးလျနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည်။ ခြင်ကိုက်ခံရသည်ဟု ယူဆရသောနေရာမှ ဗက်တီးရီးယားများ ပေါက်ဖွားလာဖွယ်ရှိပြီး Victoria နှင့် Queensland ဒေသတို့တွင်အများဆုံးဖြစ်ပွားနေပြီး အခန့မသင့်ပါက ကူးစက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့ ဖြစ်တောက်ရသည်များရှိလာနိုင်ကြောင်းသိရသည်။

ပုံတွင် Jan Smith အမည်ရှိအမျိုးသမီးတစ်ဦးမှ သူ၏ ခြေထောက်ဒဏ်ရာကို ပြနေပြီး Alaskaတောင်ကိုတက်စဉ် ခြင်ကိုက်ခံရပြီးနောက်ဖြစ်ခဲ့တာပါဟုပြောကြားခဲ့သည်။

သူ၏ယောကျာ်းမှလဲ သူ့မိန်းမခြေထောက်ကိုမြင်တိုင်း အန်ချင်စိတ်ဖြစ်မိကြောင်း၊ အရိုးထိတောင်လှမ်းမြင်နေရကြောင်းပြောကြားခဲ့သည်။

Bairnsdale လို့ခေါ်တဲ့ ဒီဒဏ်ရာဟာ အပူပိုင်းဒေသတွေမှာဖြစ်တတ်ပြီး အရင်တုန်းက Nigeria, Mali နှင့် အာဖရိကနိုင်ငံမြောက်ပိုင်းကဲ့သို့ မဖွံ့ဖြိုးသေးသော ဒေသများတွင်သာရှားရှားပါးပါးဖြစ်ခဲ့ပြီး သြစတြေးလျကဲ့သို့ ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံ၌ဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ရောဂါစတင်ဖြစ်ခါစက ကုလျှင်စိုးရိမ်စရာမရှိသော်လည်း အချိန်ကြာလာလျှင် အရိုးထိပါ ဖောက်ထွင်းဖြစ်တတ်သည်ကိုတွေ့ရသည်။ အရေပြားပေါ်ရှိ ဆဲလ်များသေဆုံးပျက်ဆီးပြီး ရောင်တက်လာကာ Zombieတစ်ကောင်၏ ဒဏ်ရာနှင့်တူညီနေသည်ကိုတွေ့ရမှာဖြစ်သည်။

Source: Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။