ပရိသတ်တွေအတွက် အင်ဒိုနီးရှားက ထူးထူးဆန်းဆန်း လူမျိုးနွယ်စုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီလူမျိူးစုကိုတော့ 1983 ခုနှစ်မှာ အ​မေရိကန်​ သတ္တ​ဗေဒပညာရှင်​ ရစ်​ချတ်​ အာ့ခ်​ဘိုးလ်​တ်​က မ​တော်​တဆရှာ​ဖွေ​တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - necrotravel
Photo credit - necrotravel

ဒီလူမျိုးစုရဲ့ ထူးခြားချက်ကတော့ သူတို့တွေရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ အလောင်းတွေကို မီးခိုးနဲ့ မံမီရုပ်သဖွယ် မပုပ်မသိုးအောင်ပြုလုပ်ပီး အစဥ်အဆက်စောင့်ရှောက်ကြတာပဲ ဖြစ်ပါတယ်။

ယခုပုံထဲမှာ တွေ့မြင်နေရတဲ့ ရုပ်အလောင်းတစ်ခုဟာဆိုရင်လည်း နှစ်ပေါင်း 250 ကျော် လောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Photo credit - necrotravel
Photo credit - necrotravel

ဒီလူမျိူးစုဟာ အင်ဒိုနီးရှားနိုင်ငံ မြောက် Papuan ကကျွန်းတစ်ကျွန်း မှာ လျှို့ဝှက်စွာ နေထိုင်ကြတာဖြစ်ပီး ဒီအရုပ်လောင်းကြီးတွေကို အခုထိ စောင့်ရှောက်နေကြဆဲ ဖြစ်ပါတယ်။

သူတို့အတွက်တော့ ဒါဟာရိုးရာဓလေ့တစ်ခုဆိုပေမယ့် အခြားသူတွေအတွက်တော့ ထူးထူးဆန်းဆန်းကြီး ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရုပ်အလောင်းကြီးတွေကို မြင်ရတာ တမျိုးကြီးဖြစ်မနေဘူးလား ပရိသတ်ကြီး...

Source - necrotravel

Photo credit - necrotravel
Photo credit - necrotravel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


RELATED ARTICLES