ပရိသတ်ရင်ထဲ တဖန်ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ယခုလက်ရှိအချိန်မှာ တစ်ကြော့ပြန်အောင်မြင်မှုတွေကို ဆွတ်ခူးလာနိုင်ပြီလည်း ဖြစ်ပါတယ်။ ကြော်ငြာခေတ်တစ်ခုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ပြိုင်ဖက်ကင်းရပ်တည်နိုင်ခဲ့တဲ့ သူမက ယခုမှာလည်း Liveလွှင့်ရောင်းတဲ့ ရတနာပစ္စည်းကြော်ငြာတွေမှာ ထိပ်ဆုံးက အောင်မြင်မှုတွေကို ရရှိထားတာပါ။ 

Photo credit - Htet Htet Moe Oo's Fb page
Photo credit - Htet Htet Moe Oo's Fb page

မိုးကုတ်သူဖြစ်တဲ့ ထက်ထက်က ကျောက်မြက်ရတနာအကြောင်း နားရည်ဝသူမို့ သေချာရှင်းပြနိုင်ပြီး အတန်ဆုံးစျေးတွေနဲ့ ရောင်းတတ်သူဖြစ်လို့ ဝယ်ယူသူတွေကလည်း စိတ်တိုင်းကျတာကို တွေ့ရပါတယ်။ ဝယ်ယူသူတွေထဲမှာ နိုင်ငံကျော် မင်းသားမင်းသမီးတွေ ပါဝင်တာဖြစ်ပြီး ယနေ့မှာလည်း ပရိသတ်တွေရဲ့ အသည်းကျော်မလေး ရွှေမှုံရတီကလည်း အားပေးလိုက်ပြန်ပါပြီနော်...။

Photo credit - Shwe Hmone Yati's Fb Account
Photo credit - Shwe Hmone Yati's Fb Account

ရွှေမှုံကတော့ သူမကိုယ်တိုင် ဝတ်ပြီး အလှပိုတိုးဖို့အတွက် သိန်းပေါင်းရာကျော်တန်တဲ့ ဘယက်ကြီးကို မထက်ရဲ့ Live salesလေးမှာပဲ ဝယ်ယူအားပေးလိုက်တာပါ။ တကယ့်ကိုမှ လှပြီး တန်ဖိုးကြီးမားတဲ့ ဘယက်ကြီးကို စျေးမဆစ်ပဲ ဝယ်လိုက်တာဖြစ်လို့ မထက်ကလည်း ရွှေမှုံအတွက် ဆုတောင်းစကားတွေနဲ့ ချစ်စရာကောင်းတဲ့ အပြောလေးတွေကို ခြွေလိုက်ပါတယ်နော်။ ကဲ...မထက် Live salesလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Htet Htet Moe Oo's Fb page
Photo credit - Htet Htet Moe Oo's Fb page

Source & Video credit  - Htet Htet Moe Oo's Fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။