မိန်းကလေးပရိသတ်တွေအသဲစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် တစ်ယောက် လက်တလောမှာ စင်ကာပူနိုင်ငံကို Medical Check up လုပ်ဖို့ ရောက်ရှိနေတာအားလုံးသိပြီးမှာပါ။

ဆေးစစ်မှုတွေခံယူနေတဲ့ စိုင်းစိုင်းရဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ရက်မှာ လူပြောများနေပြီး သူ့ရဲ့ အမာခံပရိသတ်တွေကတော့ ဘာများဖြစ်လို့လဲ လို့ စိတ်ပူပေးကြပါသေးတယ်။

ကျန်းမာရေးစစ်ဆေးမှုခံယူထားတဲ့ စိုင်းစိုင်း တစ်ယောက် မျက်လုံးမကောင်းတဲ့ လေးလုံးလေးတစ်ယောက်ဖြစ်ကြောင်းကို စင်ကာပူမှာဆေးစစ်မှုခံယူရင်း အခုလိုပြောပြထားပါတယ်။

ဆယ်တန်းပြီးကတည်းက မျက်မှန်စတပ်ရတယ် မျိုးရိုးကြောင့် ဖြစ်ပါလိမ့်မယ် ကျနော်တို့မောင်နှမ လေးယောက်လုံး တပ်ရတယ်

ကျနော်ကတော့ တပ်လိုက်မတပ်လိုက်နဲ့ ဒီတိုင်းနေနေတာ

UFL ရောက်တော့ မျက်မှန်မပါရင် စာမမြင်ရတော့ဘူး တချို့မိတ်ဆွေတွေက ကျနော့်ကိုတင်းတယ် ဒီကောင်သောက်ကြီးသောက်ကျယ်နဲ့ မမြင်ချင်ယောင်ဆောင်တယ် မနှုတ်ဆက်ဘူး ဘာညာမဟုတ်ဘူးဗျို့ တကယ်ကို မမြင်တာ

နောက်ပိုင်းကျတော့ တနေကုန် မျက်ကပ်မှန်နဲ့နေတာပေါ့

အဲလိုနဲ့ Short-Sightedness ပါဝါ တက်လာလိုက်တာ ဘယ်ဘက်က 500 ညာဘက်က 450

လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တစ်နေ့ကို နာရီပေါင်းများစွာ ဖုန်း screen ကို ကြည့်နေခဲ့တာလည်း ပါမှာပေါ့

မနက်မနက် မျက်မှန်ရှာရတဲ့ဒုက္ခ ရေချိုးပြီးရင် မျက်မှန်ပျောက်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လေးလုံးအချင်းချင်းပဲနားလည်မယ်

တခါတလေ အဝေးပြေးကားပေါ်မှာ မျက်ကပ်မှန်မချွတ်ဘဲ အိပ်ပျော်သွားတာတို့ တစ်ညလုံးလေယာဉ်စီးရတဲ့အခါ မျက်ကပ်မှန်ချွတ်နေရတာတို့ ရှိသေးတယ် ( မျက်ကပ်မှန်ကလည်း ဒီတိုင်းချွတ်လို့မရဘူး infection ဝင်တတ်တော့ လက်ကိုအရင်ဆေး )

မျက်ကပ်မှန်နဲ့ သရုပ်ဆောင်ရတာလည်းတော်တော်ဂွကျပါတယ် သူက Dry Eye အရမ်းဖြစ်တယ် တော်တန်ရုံမျက်ရည်ကျဖို့ တော်တော်ခက်တယ် သူများတွေတော့မသိဘူး ကျနော့်မှာတော့ ကသီလင်တဖြစ်တယ် တခါတလေ ရှိုက်ကြီးတငင်ငိုဖို့ ကြိုးစားရင်း မျက်ရည်လည်းထွက် မျက်ကပ်မှန်က ခေါက်ပြီးထွက်ကျ ဟိုး .. ကပ်.. ကပ်.. အစကပြန်ငို

မျက်မှန်နဲ့ ရိုက်ဖို့ကျတော့လည်း ပုလင်းဖင် ဖြစ်နေတော့ အဆင်မပြေပြန်ဘူးလေ

အခုတော့ Parkway ရဲ့ အစီအစဉ်နဲ့ Medical Checkup လုပ်ရင်း မျက်စိပါတခါတည်း လေဆာကုသမှု

Lasik Surgery လုပ်လိုက်ပါပြီ ကျနော်တစ်သက်လုံး ကျွတ်ပြီး မလုပ်ဘဲနေတာ တကယ်တမ်း မျက်စိတစ်ဘက်ကို ငါးမိနစ်ပဲကြာတယ်ဗျို့ မနက်အိပ်ရာနိုးတော့ လေယာဉ်မှူးတစ်ယောက်လို လုံးဝ မျက်စိမြင်တဲ့သူ ဖြစ်သွားပြီ တစ်ခုပဲရှိတယ် တစ်ပတ်လောက်မျက်နှာသစ်လို့မရဘူး ပြီးတော့ ၂ပတ် ၃ပတ်လောက်နေကာမျက်မှန်တပ်ရမယ် ဒီတော့ ဒီလအတွင်းကျနော့်ကို ဂလဲကြီးတကားကားနဲ့မြင်ရင် ခွင့်လွှတ်ပေးကြပါဦး 

အခုဒီစာကို ပျော်လွန်းလို့ ကျေးဇူးတင်ပြီးရေးပါတယ်

အရမ်းသဘောကောင်းတဲ့ ဆရာဝန်ကြီး Dr. Chua Wei Han ရယ် Parkway ရယ် Mount Elizabeth Hospital ရယ် ရန်ကုန်ကလိုက်လာပြီး စီစဉ်ပေးတဲ့ ဒေါက်တာ ခိုင်ပန်းဝတ်ရည်ရော ဒေါက်တာ စုနိုင်ရော ကျေးဇူးပါဗျ.. နော် ..

( ဒီပုံက Dr Chua နဲ့ Correction မလုပ်ခင်လေး ရိုက်ထားတာ )

သတင်းအရင်းမြစ် sai sai khem hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။