မင်းသမီးချော နန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့သရုပ်ဆောင် မောင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရယူပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ် ။ မောင်က အစ်မဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မောင်က အနုပညာအလုပ်တွေကိုရပ်နားထားတာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo credit - SEIN PHYO & YI's FB PAGE
Photo credit - SEIN PHYO & YI's FB PAGE

ယခုလို Covid ကာလမှာတော့ သရုပ်ဆောင် မောင်က သူတက်ကျွမ်းတဲ့ ဆရာဝန်အလုပ်နဲ့ ပြည်သူတွေအသက်ကို ကယ်နေခဲ့တာပဲ ဖြစ်ပါတယ်။ Volunteer တစ်​ယောက်အနေနဲ့ နယ်မြေခြားမှာ သွားရောက်ကူညီလုပ်ကိုင်ပေးနေတဲ့ မောင်က ယနေ့မှာတော့ သူရဲ့ တာဝန်ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။ အတူတူတာဝန်ကျရာ နယ်မြေက ဆရာ၊ ဆရာမများနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာရင်း တန်ဖိုးရှိတဲ့ စကားလေးကိုလည်း ဆိုထားပါသေးတယ်။

Photo credit - SEIN PHYO & YI's FB PAGE
Photo credit - SEIN PHYO & YI's FB PAGE

ဒါကတော့ " ဒီနေ့ တိုင်းနှင့်ပြည်နယ်အသီးသီးက လာကူညီကြတဲ့ ဆရာဝန်နဲ့သူနာပြုတော်တော်များများ ရက်ပြည့်လို့ ကိုယ်တာဝန်ကျရာဒေသ ပြန်ကြပါတယ်။ ကျွန်တော့် အနေနဲ့ ရက်ပြည့်ရင် အိမ်ပြန်ပြီးနေလို့ရပေမယ့် ဒီဆရာ ဆရာမတွေမှာတော့ ပြန်ပြီး ကိုယ်တာဝန်ကိုယ် ဆက်လက်ထမ်းဆောင်ရမှာပါ။ သူတို့ကြိုးစားအားထုတ်မှုတွေ ပင်ပန်းခံမှု့တွေအလကားမဖြစ်အောင် အပြင်ကသူတွေက ရောဂါမကူးစက်အောင် ဂရုစိုက်ပေးကြပါ။ ဆရာ ဆရာမတွေအားလုံးအတွက်လည်း လေးစားဂုဏ်ယူပါတယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - SEIN PHYO & YI's FB PAGE
Photo credit - SEIN PHYO & YI's FB PAGE
Photo credit - SEIN PHYO & YI's FB PAGE

Source & Photo credit - SEIN PHYO & YI's FB PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။