YG Family ကအောင်မြင်တဲ့ အဆိုတော် အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Winner အဖွဲ့ထဲက အဆိုတော် Nam Taehyun ဟာ ကြောင်ချစ်တတ်သူတစ်ယောက်ဖြစ်ပြီး သူမွေးထားတဲ့ကြောင်လေး ပျောက်သွားတဲ့နောက်မှာ

စိတ်ပူပြီး Soical Media ပေါ်ကနေ ကြောင်ပျောက်ပြန်ရှာနေတာဖြစ်ပါတယ် ။ 

Bali လို့အမည်ရတဲ့သူကြောင်လေးကို ပြန်ရှာလာပေးတဲ့သူကိုလည်း ဆုငွေ အဖြစ် $1000 ( မြန်မာငွေ ၁၄ သိန်းနီးပါးခန့် ) ပြန်လည်ကျေးဇူးဆပ်မယ်လို့ဆိုပါတယ် ။ အဆိုတော်လေးကတော့ တော်တော်စိတ်ပူနေပုံပါ ။ သူ့ရဲ့ အကောင့်ကနေ သူ့ကြောင်ကို ပြန်ရှာတဲ့နေရာမှာ ကူညီပေးကြဖို့ စာရေးတင်လိုက်ပြီး

ဆက်သွယ်ဖို့ သူ့မန်နေဂျာဖုန်းနံပါတ်ပါ ထည့်သွင်းပေးထားပါတယ် ။ သူရေးသားထားတဲ့ ပို့စ်ထဲမှာတော့ သူရဲ့ ကြောင်ဟာ ရုရှားမျက်လုံးလိုအပြာရောင်မျက်လုံးလေးနဲ့ အရမ်းကြောက်တတ်တဲ့ အကောင်လေးပါလို့ ထည့်သွင်းရေးသားထားတာတွေ့ရပါတယ် ။ ကြောင်ချစ်တတ်တဲ့ အဆိုတော်လေးကတော့ အလုပ်တွေရှုပ်နေတဲ့ ကြားက သူ့ကြောင်လေးကို အသည်းအသန်ပြန်ရှာပြီး ရှာတွေ့မယ်လို့လဲ မျှော်လင့်နေတာပဲဖြစ်ပါတယ် ... ။

Winner အဖွဲ့ဟာ ပါတယ် ။ 

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။