ပရိသတ်ကြီး နိုင်ငံကျော် မင်းသားကြီး ဝေဠုကျော်ကတော့ တစ်နေ့တာရဲ့ အချိန်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်။ ဝေဠုကျော်က လက်ရှိအနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ နဲ့အတူ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

Photo Credit- Wai Lu Kyaw fb page
Photo Credit- Wai Lu Kyaw fb page

ယခုမှာဆိုရင်တော့ ဝေဠုကျော် က သီတင်းကျွတ်အမှီ သူ့ရဲ့ အဖွဲ့သားတွေက ကန်တော့ခဲ့တဲ့ အမှတ်တရ ကြည်နူးစရာ ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေနဲ့လည်း ဝေဠုကျော်က "သီတင်းကျွတ်အမှီ ကျိုက္ကဆံကွင်းမှာ စခန်းချထားတဲ့ ကျွန်​တော်တို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှာ အသက် ကြီးစဥ်ငယ်လိုက်က​တော့ခဲ့ကြပါတယ် အသက်ကြီးဆုံးဖြစ်တဲ့ စခန်းအုပ်ချုပ်သူ ဆရာဦး​ကျော်​ဇော ပြီး​တော့ ကျွန်​တော်​ဝေဠု​ကျော် ၊ ကိုရာဇာ ၊ ကို​ဌေးကြွယ်တို့ကို အပြစ်အမှားများရှိရင် ခွင့်လွှတ်ဖို့​ ကြီးစဥ်ငယ်လိုက်​ တောင်းပန်ကာ က​တော့ ဖြစ်ကြပါတယ် ။စခန်းအုပ်ချုပ်သူ ဆရာဦးကျော်ဇောမှ ဆုံမစကားများ​ ပြောကြားသလို ချမှတ်ထားတဲ့စည်းကမ်းများနဲ့ပတ်သက်လို့ တင်းကြပ်စွာ ကိုင်တွယ်ရတာမို့ ​ပြေခဲ့ဆိုခဲ့မိတာ​တွေကိုလည်း နားလည်​ပေးကြဖို့ ပြန်​တောင်းပန်ရင်း ဆု​တွေ​ပေးခဲ့တယ်။

Photo Credit- Wai Lu Kyaw fb page
Photo Credit- Wai Lu Kyaw fb page
Photo Credit- Wai Lu Kyaw fb page

ကျွန်​တော်ကလည်း မိ​ဖ ​ဆွေမျိုး​တွေနဲ့ ခွဲခွာပြီး ကျွန်​တော်တို့နဲ့အတူ လာ​ရောက်ပူး​ပေါင်ကူညီခဲ့ကြတဲ့ ​စေတနာ့လုပ်အားရှင် ညီအကို​မောင်နှမများကို ​ကျေးဇူးတင်​ကြောင်းနှင့်အတူ နှုတ်ဖြင့်ဆု​တွေ​တောင်း​ပေးခဲ့သလို တစ်​ယောက်ကို တစ်သိန်းကျပ်စီ မုန့်ဖို့အဖြစ် ​ဖောင်​ဒေးရှင်းမှ ​ပေးအပ်ခဲ့ပါတယ်တယ် ။ ဝါလကင်းလွတ် သီတင်ကျွတ် အခါသမယမှာ မိဖ​ဆွေမျိုး ဆရာသမားများနှင့်အတူ ကန်​တော့ထိုက်သူများအားလုံးကို့ ဒီကဘဲ ရို​သေ​လေးစားစွာ ဦးထိပ်ပန်ဆင် က​တော့လိုက်ရပါတယ် ...လူသာအားလုံး ​ဘေးဒုက္ခ အ​ပေါင်းမှ ကင်​ဝေးပြီး ကိုဗစ် ကပ်​ဘေးကြီးမှလည်း အမြန်ဆုံး ​ကျော်လွှာနိုင်ကြပါ​စေ ..." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဝေဠုကျော်ရဲ့ အဖွဲ့သားတွေရဲ့ ပုံလေးတွေကို သဘောကျစေမယ်လို့ မျှော်လင့်မိပါတယ်။ 

Photo Credit- Wai Lu Kyaw fb page

Source - Wai Lu Kyaw fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။