ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့ သူလေးပါ။ သူမက "ဆိုင်းမိုင်"ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာ ဆက်တိုက် ပါဝင်သရုပ်ဆောင်ရနေတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်.....။

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

ပိုးကြာဖြူခင် က ရိုးရှင်းလှပတဲ့ မျက်နှာလေးနဲ့ ချိုသာလွန်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်။ လတ်တလောမှာတော့ ပိုးကြာဖြူခင်က အနုပညာလှုပ်ရှားမှုအနေနဲ့ "မာယာလှည့်ကွက် " ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အားလပ်ချိန်လေးတွေမှာ ပိုးက အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

အိမ်မှာနေရင်း ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ် ။ ယနေ့မှာတော့ ပိုးက နာမည်ကြီး Lisaရဲ့ ကကွက်အတိုင်း ထပ်တူညီအောင်ကပြထားတဲ့ Tiktok လေးကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo credit - Poe Kyar Phyu Khin's FB account

Source & Photo credit - Poe Kyar Phyu Khin's FB account

@sengmei

♬ sonido original - Lin Hwang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။