ချင်းတွင်းမြစ်ရေမြင့်တက်လာမှု့ကြောင့်ဒေသခံများအားရွေ့ပြောင်းနေရာချထားပေး

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှု့တွေကြောင့်ချင်းတွင်းမြစ်ရေမြင့်တက်လာခဲ့ပါတယ် မြစ်ကြောင်းတလျောက်ရှိ ခန္တီး မော်လိုက် ဟုမ္မလင်းမြို့တွေကရေဘေးဒဏ်ခံရတဲ့သူတွေကိုရွေ့ပြောင်းနေရာချထားပေးခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနကပြောပါတယ်

လက်ရှိမှာတော့ဟုမ္မလင်းမှာစိုးရိမ်ရေမှတ်ကျော်နေတာဖြစ်ပါတယ်လို့ပြည်သူ့လွှတ်တော်အမတ်ဦးမျိုးညွှန့်ကပြောပါတယ် ဒီလိုရေကြီးမှု့တွေကြောင့်ချင်းတွင်းမြစ်ကြောင်းတလျောက်ပြေးဆွဲနေတဲ့ရေယာဉ်လိုင်းအချို့ရပ်နားထားရကြောင်း ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီကပြောပါတယ်

ခန္တီး ဟုမ္မလင်း မော်လိုက် ဖောင်းပြင် မင်းကင်းမြို့များမှ လူဦးရေ၂ဝဝဝကျော်လောက်ကိုကယ်ဆယ်ရေးစခန်းများတွင်နေရာချပေးထားပါတယ် ဟုမ္မလင်းမြို့မှာမြေနုကျွန်းမှာရှိနေတဲ့ အိမ်တချို့ကိုဖျက်ပြီးတော့ရွေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ် ရေကြီးတာတွေကြောင့် ခန္တီးနဲ့ဟုမ္မလင်းမှာ စာသင်ကျောင်းတချို့ပိတ်ထားရပါတယ် ခါတိုင်းထက်စောစွာမြစ်ရေမြင့်တက်ခဲ့တဲ့အတွက်နောက်ထပ်ရေကြီးမှုတွေဖြစ်နိုင်သေးတယ်လို့ခန့်မှန်းထားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်

သတင်းအရင်းမြစ် bbc burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။