ပရိသတ်ကြီးရေ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးဘဝကို ပိုင်ဆိုင်ထားတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်ကတော့ အရမ်းလိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။ အာဘွိုင်းတို့ ဇနီးမောင်နှံက ချစ်သူဘဝတုန်းကလည်း အရမ်းကိုရိုလွန်းလို့ ပရိသတ်တွေကအားကျနေရတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးငယ်ငယ်ချောချောလေးကို ပိုင်ဆိုင်ထားလို့ အာဘွိုင်းကတော့ ချစ်ဇနီးလေးကို ဘယ်သွားသွားခေါ်သွားနေတာဖြစ်ပါတယ်။

Photo credit - Myat Yadanar Kyaw's FB account
Photo credit - Myat Yadanar Kyaw's FB account

မြတ်ရတနာကျော်က တိုင်းရင်းသူလေးဖြစ်ပြီး ဖြူစင်တဲ့စိတ်ထားလေးနဲ့သဘောကောင်းသူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများတဲ့မိန်းကလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးက ခရီးတွေထွက်ပြီး အစားအသောက်ကောင်းတွေအတွက် ပရိသတ်တွေကို ပြန်လည်မျှဝေနေတာပဲဖြစ်ပါတယ်။ အခုဆိုရင် အာဘွိုင်းနဲ့မြတ်ရတနာကျော်မှာ ချစ်စရာ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး နာမည်လေးကလည်း ဘိုဆန်ကာ scarlett လို့ နာမည်ပေးထားပါတယ်။

Photo credit - Myat Yadanar Kyaw's FB account
Photo credit - Myat Yadanar Kyaw's FB account
Photo credit - Myat Yadanar Kyaw's FB account

Scarlett လေးက မေမေ မြတ်ရတနာကျော်ရဲ့ အလှအပတွေကို အမွေရထားတာဖြစ်ပြီး ယနေ့မှာလည်း အသည်းယားစရာကောင်းအောင် ပိုစ့်ပေးနေပြန်ပါတယ်နော်။ မေမေ မြတ်ရတနာကျော် ပြင်ပေးထားတဲ့ ပုံစံလေးနဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် " တစ်နေ့တစ်နေ့အိမ်မှာနေပြီး ဘာတွေလုပ်သလဲ ဆိုတော့ မScarlett ကို မျိုးစုံ ကလိပြီးတော့ photo shooting ဆင်းပါတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Myat Yadanar Kyaw's FB account
Photo credit - Myat Yadanar Kyaw's FB account
Photo credit - Myat Yadanar Kyaw's FB account

Source & Photo credit - Myat Yadanar Kyaw's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။