အဆိုတော်ချမ်းချမ်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမတို့ သားအမိနှစ်ယောက်ကတော့ ယခုမှာ သန်လျင်က သဘာဝတရားရိပ်သာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းရင်းဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

Photo Credit: Chan Chan ' s Facebook Page
Photo Credit: Chan Chan ' s Facebook Page

သူမကတော့ ဒီနေ့ သန်လျင်က သဘာဝတရားရိပ်သာမှာ..၇ရက်သားသမီးလှူဒါန်းတဲ့ အလှူလေးထပ်မံပြုလုပ်ပေးခဲ့ပါတယ်ကြက်ဥ .အလုံး ၅၀၀.ကြက်သွန်အနီတအိတ်လက်ဖက်နဲ့အကြော်စုံ အထုပ်၁၀၀မြိတ်ငပိထောင်း ၁၀၀ဟင်းချက်ငရုတ်မှူန့်ဆနွင်းနဲ့တခြားစားစရာ မုန့်မျိုးစုံကို တရားရိပ်သာမှာခိုလှူံနေကြတဲ့..နာမကျန်းမိဘအရွယ်များ..ဂီလာန ဘိုဘွား.ချို့တဲ့သူများ..အတွက်ရည်စူးပြီးလှူဒါန်းပေးခဲ့ပါတယ်  "ဆိုပြီး ရေးသားထားပါတယ်။

Photo Credit: Chan Chan ' s Facebook Page
Photo Credit: Chan Chan ' s Facebook Page

သူမကတော့ "နောက်လ နိုဝင်ဘာလ ပထမအပတ်မှာလဲ အခုလိုပဲ လိုအပ်နေတဲ့နေရာအိမ်ခြေ ၂၅၀စာအတွက်တခြားအလှူရှင်တွေနဲ့ပုးပေင်းပြီးလှူဒါန်းသွားဖို့အစီစဉ်ရှိပါတယ်...ပါဝင်လှူဒါန်းပေးကြတဲ့ မန်းတလေးမှ ညမလေးမြရတနာမွန် က လက်ဖက်နဲ့ အကြော်စုံအထုပ် ၁၀၀ဆန်မုန့်လုံးထုပ်မောင်လေးjames မှ ဆနွင်းငရုတ်မှုန့်ထုပ်များကိုလှူဒါးပေးထားပါတယ်...အလှူရှင် တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်..သာဓုပါရှင့် " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေက် ချမ်းချမ်းတို့သားအမိနှစ်ယောက်ရဲ့ ကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Chan  Chan ' s Facebook Page 

Photo Credit: Chan Chan ' s Facebook Page
Photo Credit: Chan Chan ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။