ပရိသတ်ကြီးရေ အခွင့်အရေးကောင်းတစ်ခုကို ရရှိဖို့ မလွယ်ကူပေမယ့် အလှမယ် မေမြတ်နိုးကတော့ တမူထူးခြားတဲ့ အခွင့်အရေးကို ရရှိခဲ့ပါတယ်နော်။ ဒါကတော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားစရင်းမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ မင်းသားချော Park Seo Joonနဲ့အတူ ကြော်ငြာရိုက်ကူးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Photo credit - May Myat Noe's Facebook Page
Photo credit - May Myat Noe's Facebook Page

ကမ္ဘာတစ်ဝန်းက အလှမယ်တွေကြားမှာ ရဲရဲဝင့်ဝင့် ယှဥ်ပြိုင်ရင်း မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ် မေမြတ်နိုးက အားလုံးရဲ့ အသည်းကျော်လေးပါနော်။ အညိုရောင်အသားအရည်လေးနဲ့ ဗိုလ်ဆန်တဲ့အလှတရားတွေကြောင့် အများနဲ့မတူပဲ ထင်ပေါ်လှပတဲ့ မေမြတ်နိုးက မော်ဒယ်လ်တစ်​ယောက်အနေနဲ့လည်း ရှိုးပွဲတွေကို လက်ခံလျှောက်လှမ်းလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာတော့ ခါတိုင်းနဲ့မတူပဲ ကမ္ဘာကျော် ကိုရီးယားမင်းသား Park Seo Joonနဲ့အတူ ကြော်ငြာတွဲဖက်ရိုက်ကူးခွင့်ရတာပဲ ဖြစ်ပါတယ်။ 

Photo credit - May Myat Noe's Facebook Page
Photo credit - May Myat Noe's Facebook Page

Park Seo Joonကတော့ မြန်မာမိန်းကလေးပရိသတ်တွေကြားရေပန်းစား လူကြိုက်များနေတာဖြစ်ပြီး ချစ်စနိုးနဲ့ ဒုဥက္ကဌကြီးလို့လည်း ခေါ်ဝေါ်ကြတာကို တွေ့ရပါတယ်။ အခုလို တွဲဖက်ရိုက်ကူးခွင့်ရတဲ့အတွက် မေမြတ်နိုးက " Thank you everyone for your love and congratulations. I’m trying my best to reply every single one of your messages. Salamat po " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပါ။ ကဲ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - May Myat Noe's Facebook Page
Photo credit - May Myat Noe's Facebook Page

Source & Photo credit - May Myat Noe's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။