အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။

အချိန်တိုအတွင်း အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါ..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲဖြစ်တဲ့ ဖြူဖြူထွေးကတော့ Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆော့ကစားတတ်ပြီး အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ဖြူဖြူထွေးလေးတစ်ယောက် အိမ်မှာနေရင်း သူမရဲ့အဝတ်လဲခန်းထဲမှာ Tik Tok ဆော့ကစားထားတဲ့ သူမရဲ့ ချစ်စရာ ဗီဒီယိုလေးကို ဝေမျှထားပါသေးတယ်..။

Photo Credit - Phyu Phyu Htwe's Fb Acc
Photo Credit - Amazing Grace

သူမပိုင်ဆိုင်တဲ့အဝတ်ခန်းထဲက များပြားလှတဲ့အဝတ်အစားတွေကို တစ်ထည်ပြီးတစ်ထည်လဲ ဝတ်ပြီး ဆော့ကစားထားတဲ့ ဖြူဖြူထွေးရဲ့ Tik Tok ဗီဒီယိုလေးကတော့ တကယ်ကို ချစ်စရာလေးပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းသလို ရိုးသားကြိုးစားပြီး စေတနာလည်းကောင်းတဲ့ ဖြူဖြူထွေးရဲ့ Tik Tok Video လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Phyu Phyu Htwe's Fb Acc
Photo Credit - Phyu Phyu Htwe's IG Acc

Source & Photo Credit - Phyu Phyu Htwe's IG Acc & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။