အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်အနေနဲ့ အချိန်အတော်ကြာရပ်တည်နေနိုင်တဲ့အပြင် အကယ်ဒမီထူးချွန်ဆုကြီး နှစ်ဆုကိုလည်း ရရှိထားတဲ့ အိန္ဒြာကျော်ဇင်ကို ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်....။ သူမဟာ မင်းသားချောပြေတီဦးနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာလည်း ဖြစ်ပါတယ်။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page

အူဝဲဟာ အရွယ်နဲ့မလိုက်အောင်ကိုလည်း နုပျိုလှပနေပြီး ‌ခန္ဓာကိုယ်အချိုးအစားပါမကျန် လှပနေတာကြောင့် ပရိသတ်တွေပါအားကျချစ်ခင်ရတဲ့ နိုင်ငံကျော်မင်းသမီးလည်းဖြစ်ပါတယ်။ အူဝဲဟာ သရုပ်ဆောင်ဘက်မှာထူးချွန်ရုံသာမကပဲ ဂစ်တာတီးတာအပြင် ပန်းချီပညာမှာလည်း ထူးချွန်တဲ့မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ အူဝဲဟာ ပန်းချီဆွဲရတာကို ဝါသနာပါတဲ့သူလည်းဖြစ်ပြီးတော့ အားလပ်ချိန်လေးတွေမှာ ပန်းချီ‌ဆွဲနေလေ့ရှိသူပါ။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page

အူဝဲရဲ့သမီးလေး ပြေသုဒြာဟာဆိုရင်လည်း အရွယ်နဲ့မလိုက်အောင်ကို ပန်းချီဆွဲရတာဝါသနာပါသူလေးဖြစ်ပြီး ပန်းချီလက်ရာလေးတွေဟာဆိုရင်လည်း တစ်ကယ်အံ့မခန်းပါနော်။ မကြာသေးမီက အူဝဲဟာသူမရဲ့ Facebookစာမျက်နှာမှာ သူမတို့သားအမိနှစ်ယောက်ရဲ့ ပန်းချီကားလေးတွေကိုလေလံဆွဲရောင်းချပြီး covidအလှူဒါနမှာပါ၀င်မယ့်အကြောင်းလေးကို ဗီဒီယိုလေးနဲ့အတူ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Eaindra Kyaw Zin's Facebook page
Photo credit-Eaindra Kyaw Zin's Facebook page

Source & video Credit-Eaindra Kyaw Zin's Facebook page

Photo credit-Eaindra Kyaw Zin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။