ပရိသတ်ကြီးရေ.....သွက်လက်တဲ့အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများမှာပါ၀င်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သူမဟာ ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တာကြောင့် အနုပညာအရည်အချင်းပြည့်၀တဲ့သူလေးလည်းဖြစ်ပါတယ်။

photo credit-Than Thar Moe Theint's Facebook page
photo credit-Than Thar Moe Theint's Facebook page

သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်ခဲ့ရုံသာမက အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအနေနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာ အလှူဒါနတွေကိုလည်း တတ်နိုင်သရွေ့လုပ်ဆောင်နေလေ့ရှိပြီး ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။

photo credit-Than Thar Moe Theint's Facebook page
photo credit-Than Thar Moe Theint's Facebook page

အခုဆိုရင်လည်း သံသာမိုးသိမ့်ဟာ ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ပေးလိုက်ပြန်ပါတယ်။ အာ့တာကတော့ သူမရဲ့ Facebookစာမျက်နှာမှာ "သီတင်းကျွတ်အခါမာ.. ဒီကောင်မလေးနဲ့ပဲ ကုသိုလ်တူတူယူပြီး ဖြတ်သန်းလိုက်ပါနော်" ဆိုတဲ့ captionလေးနဲ့အတူ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Than Thar Moe Theint's Facebook page
photo credit-Than Thar Moe Theint's Facebook page

Source & photo credit-Than Thar Moe Theint's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။