ဂီတလောကထဲကို အရှိန်အဟုန်ကောင်းစွာနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်က သမီးချောလေးပိုင်ဆိုင်ထားတဲ့ Single Mother အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ယခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ အေသင်က ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို ခါးစည်းခံရင်း သမီးလေးအတွက် စိတ်ဓာတ်ခွန်အားတွေအပြည့်နဲ့ ကြိုးစားနေတဲ့ အမေတစ်ဦးအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

Photo credit - IVY's FB page
Photo credit - IVY's FB page

ချစ်စရာကောင်းတဲ့ အေသင်ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ Ivy လေးကတော့ အများနဲ့မတူပဲ ချစ်စရာကောင်းတဲ့ ကလေးတစ်ဦးပဲ ဖြစ်ပါတယ်။ Single Mother တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အေသင်က တစ်ခြားအမေတွေနဲ့ မတူအောင် စိတ်ဓာတ် ခိုင်မာတဲ့ အမေတစ်ဦးဖြစ်တဲ့ အပြင် သမီးလေး Ivy အတွက် အသက်ပင်သေပါစေ အဆုံးအချိန်ထိ ကြိုးစားပြီး သမီးလေးဘဝအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အေသင်ရဲ့ မိခင်စိတ်ကတော့ ချီးကျူးစရာကောင်းလှပါတယ်။

Photo credit - IVY's FB page
Photo credit - IVY's FB page

Ivyလေးကလည်း အရွယ်နဲ့မလိုက်အောင် လိမ်မာရေးခြားရှိလွန်းသူမို့ မေမေအေသင်တစ်ယောက် အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ Ivyလေးက မျက်နှာထက်မှာ သနပ်ခါးအဖွေးသားနဲ့ Candyလုံးလေးကို အထာကျကျစားရင်း မျက်နှာပြောင်နေတာဖြစ်လို့ မေမေ အေသင်က အချစ်ပိုကာ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ကဲ...ချစ်ပရိသတ်ကြီးအတွက် သမီးလေး Ivyရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - IVY's FB page

Source & Photo credit - IVY's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။