ကမ္ဘာကြီးပေါ်မှာ လူပေါင်း ၇.၅သန်းလောက် ရှိတာကို ပရိသတ်ကြီးလဲ သိမှာပါ။ အဲ့လိုလူပေါင်းများစွာထဲမှာ ရုပ်ဆင်တဲ့သူတွေ ရှိကြမှာပါပဲ။ လူတိုင်းနီးပါလိုလို ရုပ်ဆင်တဲ့သူတွေရှိကြပါတယ်။ သာမန်လူတွေ ရုပ်ဆင်ရင် ဘာမှမဖြစ်ပေမဲ့ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် လူများသိကြတဲ့ ပုဂ္ဂိုလ်တွေ ရုပ်ချင်းဆင်တဲ့ အခါမှာတော့ စကားပြောစရာလေးတွေရှိလာပါတယ်။ မသိရင်တော့ တကယ် အနုပညာရှင်တွေကပဲ ခုလိုဖြစ်နေကြတာလားဆိုပြီး မှားတက်ကြပါတယ်။ ခုဆိုရင်တော့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေနဲ့ တူတဲ့သူတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Turkish George Clooney

ပုံပါသူဟာဆိုရင် တူရကီနိုင်ငံ လူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး Barman သရုပ်ဆောင် George Clooney နဲ့တူတဲ့သူပဲဖြစ်ပါတယ်။ သူက Metro ကို အိတ်တစ်အိတ်နဲ့သွားနေတာဖြစ်ပါတယ်။ George Clooney အစစ်လဲ ဖြစ်ချင်ဖြစ်မှာပေါ့...သူ့ရဲ့ Secret Life တစ်ခုလိုပေါ့။

Mexican Morgan Freeman

Mexico က လမ်းဘေးမှာ ဒေသခံအစားအစာရောင်းသူတစ်ယောက်ဖြစ်ကာ သူ့ကိုကြည့်ရတာ ကမ္ဘာကျော်မင်းသားကြီး Morgan Freeman နဲ့တူပါတယ်။ တော်တော်လေးကို တူပါတယ်.........။

Indonesian Barrack Obama

ပုံထဲကသူကတော့ Indonesian ကသူတစ်ယောက်ဖြစ်ပြီး သူ့ကိုသူ နာမည်ကြီးတစ်ယောက်နဲ့တူလို့ ပျော်ရွှင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဝေးကကြည့်ရင်တော့ Barrack နဲ့ ချွတ်စွပ်တူပါတယ်။

Canadian Angelina Jolie

Angelina Jolie နဲ့ မခြားလောက်အောင်တူပြီး လှပနေတဲ့ Canadian သူလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုကားထဲမှာ Jolie ရဲ့ အမွှားလို သရုပ်ဆောင်ခိုင်းလို့ရပါတယ်။

Female Jay-Z

ဒါကဘယ်လိုကြီးတုန်း....Jay-Z မှာ ဘယ်သူမှမသိသေးတဲ့ အမွှားညီမရှိနေသေးတာလား။ မဟုတ်သေးပါဘူး....တော်တော်ကို တူညီတဲ့မျက်နှာလဲ တူညီတဲ့အပြုံး။

Russian Leonardo Di Caprio

ပုံပါသူကတော့ Leonardo တစ်ယောက် ဝိတ်မချင်တုန်းက ဖြစ်ပါတယ်။ မဟုတ်ပါဘူး.... Russian က ကမ္ဘာကျော်မင်းသား Leonardo နဲ့တူတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။