အဆိုတော်မေခလာကတော့ ဘုရားဂုဏ်တော်တွေကြောင့် အသက်ဘေးကလွတ်ခဲ့ရပါတယ်ဆိုတဲ့အကြောင်းကို Myanmar Celebrities ကအင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်းဖြေဆိုသွားခဲ့ပါတယ် ။

" ချစ်ငယ်တို့ ရေးမြို့ကိုသွားတုန်း အဆိုတော်ဖြူဖြူကျော်သိန်း၊ ရဲလေး ၊ ဖြိုးကြီး ၊ သားစိုး ၊ ယုဇနဲ့ အဆိုတော်တေ်တော်များများပါတယ် ချစ်ငယ်ကခရီးသွားရင် ဘယ်တော့မှ မအိပ်တက်ဘူး။ ကားစီးလည်း Driver နောက်နားက နေ စီးတယ် ပြီးတော့ ဘယ်သွားသွားဘုရားဂုဏ်တော်တွေ ရွတ်တက်တယ် သွားတဲ့နေရာတိုင်း ကားပေါ်မှာ ပုတီးစိပ်တက်တယ်။ ဒီဘာသာရေးက ကိုယ့်ကိုယ်အကာအကွယ်ပေးချင်တာလေးကို ပြောချင်တာပါ။ အရင်တုန်းကဆိုရင် လမ်းတွေက တော်တော်ကျဉ်းတယ်လေ။

အဲ့တုန်းကအပြန်မှာ ကားဆရာကြီးက ထမင်းစားတယ် ပြီးတော့ပြန်မောင်းထွက်တဲ့အချိန်မှာ ကားဆရာကြီးရဲ့ ပုံစံက normal မဟုတ်တော့ဘူး။ သူက ကားကို အရမ်းမောင်းတယ်။ လတ်တလုံးကြားလေးတွေတင် နွားကိုတိုက်တော့မလိုလို လူကိုတိုက်တော့မလိုလို ကားချင်းတိုက်တော့မလိုတွေ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ချစ်ငယ်ကဘုရားစာတွေ အရမ်းရွတ်တယ် ပြီးတော့ သူ့ကိုကြည့်ပြီး ဇောချွေးတွေတောင် ပြန်နေပြီ။ ကားဆရာကလည်းကားမောင်းရင်းနဲ့ခေါင်းငိုက်ငိုက်သွားတယ်။ အဲ့ဒါကြောင့် ကျွန်မကားဆရာကြီးကို " ကျွန်မ ကျွဲ ကောသီး ဝယ်ချင်လို့ပါ " ဆိုပြီး ကားရပ်အောင်ပြောလဲ မရဘူးအရှိန်နဲ့ပဲ မောင်းနေတာလေ။

ကားထဲမှာရှိတဲ့ အဆိုတော်တွေကလည်း အားလုံး အိပ်ပျော်နေကြပြီ နောက်တော့ ကားဆရာဘေးနားကပ်ပြီး အပေါ့သွားချင်လို့ဆိုပြီးပြောတော့မှ ကားကိုရက်ချလိုက်တယ်။ ရှေ့မှာလည်း ချောက်ကမ်းပါးပေါ်ကနေကျဖို့ နည်းနည်းပဲလိုတော့တယ်။ အဆိုတော်တွေအားလုံးကို ကားပေါ်ကနေ ဆင်းခိုင်းတော့ အကုန်လုံးက အိပ်ချင်မူးတူးနဲ့ ဆင်းလာကြတယ်။ ကားလည်းရပ်ပြီးစက္ကန့် ကြာတော့ ကားဆရာကြီးက အရိုပျော့။ပြီးတော့ ပုံကြသွားတယ်။ နောက်ထပ်သာဆက်မောင်းရင် တစ်ကားလုံးသေမှာလေ ကံကောင်းလို့လေ။ ကားဆရာကြီးက သွေးဆောင့်တက်ပြီးတော့ လေဖြတ်သွားတာတဲ့လေ။ အားလုံးလည်းသိတော့မှ သားစိုးတို့ ဖြိုးကြီးတို့က သူတို့ရဲ့အသက်ကိုကယ်တာ ချစ်ငယ်ဆိုပြီး ကျေးဇူးတင်ကြတယ် " လို့သူမရဲ့ အတွေ့အကြုံလေးကိုပြောပြထားပါတယ် ။ 

သားစိုးကလဲ အထက်ပါအဖြစ်အပျက်ကို အမှန်ဖြစ်ကြောင်း သူပါထိုကားထဲမှာပါရှိနေတဲ့အကြောင်းအောက်ပါအတိုင်းပြောပြထားပါသေးတယ် ။

" တကယ်​့ အဖြစ်​အပျက်​ပါ...

ကျန်​​တော်​ရယ်​ ဖြိုးကြီးရယ်​ ​ဘေးချင်​းကပ်​ထိုင်​​နေရင်​း

သတိထားမိ​နေတာ...ကားမရပ်​ခင်​မှာ ဒိုင်​နာတစင်​းနဲ့

တိုက်​မလိုဖြစ်​​သေးတယ်​...

အဓိကပြသနာက နားတဲ့ထမင်​းဆိုင်​က အရက်​တိုက်​တာလား...သူဟာသူ​သောက်​တာလား မသိဘူး...

အဲကစတာပဲ...သူ​သောက်​​နေတာ ကျွန်​​တော်​မျက်​စိနဲ့မြင်​ခဲ့တယ်​...နားတဲ့ထမင်​းဆိုင်​က မထွက်​ခင်​မှာ

စားပွဲထိုး​လေး ပုဂံ​တွေတထပ်​ကြီးကြကွဲတယ်​...

ကျွန်​​တောိတို့လည်​း အယုံအကြည်​ မရှိ့​ပေမယ်​

သတိ​တော့ထားရမယ်​ ဆိုပြီး ​ပြောဖြစ်​တယ်​...

ကံ​ကောင်​းတယ်​​လေ ကား​ပေါ်မှာ ​မေခလာ ပါ​ပေလို...

တကယ်​့ ​မေခလာ ပါ...

အဲကားသမားကို အ​ရေးယူဖို့ ကားလိုင်​းကို အ​ရေးယူဖို့

လုပ်​​သေးတယ်​...ဒါ​ပေမယ်​့ အဲကားသမား အဲ​နေ့ပြသနာအပြီး ​လေဖြတ်​သွားတယ်​ ကြားလို့ ဘယ်​ကိုမှ မတိုင်​ဖြစ်​​တော့ဘူး....

အဲအဖြစ်​အပျက်​ပြီးကတဲက ကိုယ်​​တွေလည်​း ကားနဲ့ ခရီးသွားရင်​ မအိပ်​ဖြစ်​​တော့တာ အခု့ထိပဲ

ပရိသတ်​​တွေ​ရော မိတ်​​ဆွေ​တွေ​ရော သတိပြု့မိကြပြီး

ခရီး​ဝေးသွားရင်​ သတိထားလို့ ဆင်​ခြင်​နိုင်​​အောင်​ပါ... " လို့ဆိုပါတယ် ။

????

ခရီးသွားရင်း သတိဝရီယနဲ့ ဘုရားဂုဏ်တော်တွေပွားများနေတတ်တဲ့ ချစ်ငယ်ကတော့ သူမအသက်တင်မကဘဲ အခြားသူတွေရဲ့ အသက်တွေကိုပါ ကယ်လိုက်နိုင်တာပါ ။ ခရီးသွားသူတိုင်း ဂရုစိုက်ဖို့ သတိပြုစရာအချက်လေးတစ်ခုလဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။