ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး သွန်းဆက်ကတော့ ဗီဒီယိုဇာတ်ကား အတော်များများမှာ တွေ့ရပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း နေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပါ။ သွန်းဆက်က အမြဲလိုလို သွက်သွက်လက်လက်ပြောဆို နေထိုင်တတ်ပြီး ကလေးဆန်တဲ့ အပြုအမှုလေးတွေကြောင့်လည်း လူအများရဲ့ အချစ်ကို အပြည့်အဝရရှိတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်.... ။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

စနောက်ပျော်ရွှင်စွာ နေထိုင်တက်ပြီး ဖော်ဖော်ရွေရွေနဲ့ ပြောဆိုဆက်ဆံတတ်တဲ့ သွန်းဆက်က မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေး ပဲ ဖြစ်ပါတယ်။ သွန်းဆက်က ဟာသTiktok videoလေးတွေကိုလည်း အပျင်းပြေရိုက်ကူးပြီး ပရိသတ်တွေကို အမြဲ မျှဝေပေးလေ့ရှိသူပါ။ ဒါ့အပြင် သူမက နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို ဝေမျှပေးလျက်ရှိနေပြီး ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါနော်.....။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

ယနေ့မှာလည်း သွန်းဆက်က သူမရဲ့ လူမှုကွန်ယက်ထက်မှာ အမိုက်စားပိုစ့်ပေးထားတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်နော်။ ကြည့်မိသူတိုင်း ရူးခါသွားရလောက်အောင် ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ပုံလေးတွေအပြင် " အချစ်အကြောင်းတွေပြောရင်းနဲ့ မင်း နဲ့ တို့အတူ မျောလွင့်ချင်တာ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သွန်းဆက်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်....။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB a ccount

Source & Photo credit - Thun Sett's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။