မင်းသမီးချောလေး Nam Ji Hyun နဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲမင်းသား Ji Chang Wook တို့ကတော့ ဇာတ်ကားရိုက်ရင်း ရင်းနှီးမှုတွေ ပိုမိုနက်ရှိုင်းလို့လာနေပါတယ် ။ Suspicious Partner ဇာတ်ကားကို အတူတူရိုက်ကူးနေတဲ့ သူတို့နှစ်ယောက်ကတော့ ရုပ်ရှင်ရိုက်နေချိန်မှာရော ရိုက်ကွင်းနောက်ကွယ်မှာပါ အရမ်းကို တရင်းတနှီးရှိနေကြလို့ တကယ်များ တွဲနေသလားလို့ အထင်မှားလောက်တဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့် သူတို့နှစ်ယောက်ကို Ship ကြတဲ့ ပရိတ်သတ်တွေကတော့ ဝမ်းသာနေကြတာပါ ။ 
(Video File များကိုနှိပ်၍ကြည့်ရှုနိုင်ပါသည်)

အဆိုပါ Drama ဇာတ်ကားရဲ့ ထုတ်လုပ်သူက သူတို့နှစ်ဦးဟာ ဇာတ်ကားရိုက်ရင်းနဲ့ အပြင်မှာပါ တကယ်ခင်မင်ရင်းနှီးလာကြကြောင်း၊ ရိုက်ကွင်းနောက်ကွယ်မှာပါ တစ်ဦးနဲဲ့တစ်ဦး ပိုပိုရင်းနှီးလာတယ်လို့ ပြောဆိုထားပါတယ်။ အောက်ပါ ရိုက်ကွင်း Video File တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပေးနေပုံလေးတွေဟာ ပရိတ်သတ်တွေကြား ရိုက်ကူးရေးအဖွဲ့သားတွေတင်မကဘဲ သူတို့ရဲ့ပရိတ်သတ်တွေကပါ သတိထားမိလာပြီး စိတ်ဝင်တစားစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ် ။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။