ပြီးပြည့်စုံတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်သူမို့ ပရိသတ်အများရဲ့ သတ်မှတ်ချီးကျူးခြင်းကို ခံရတဲ့ Rဇာနည်ကတော့ အဖက်ဖက်က ပြည့်စုံသူပါနော်။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် တစ်ကိုယ်တော်အယ်ဘမ်လ်တွေကို ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေနဲ့ ထွက်ရှိထားပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်အဖြစ်ပါဝင်လုပ်ကိုင်နေသူပါ။ 

Photo credit - Zarni Myonyunt's FB account
Photo credit - Zarni Myonyunt's FB account

အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေသလို မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်သူဖြစ်လို့ အများရဲ့ ချီးကျူးစကားကို မကြာခဏကြားရသူပါနော်။ Rဇာနည်က သားသားလေးနှစ်ယောက်နဲ့ မီးမီးလေးတစ်ယောက်ကို မွေးဖွားထားသူဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ ယနေ့မှာတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို မိသားစုနဲ့အတူ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပါ။

Photo credit - Zarni Myonyunt's FB account
Photo credit - Zarni Myonyunt's FB account

Rဇာနည်က " Covid 19 ကာလမှာ အားလုံး အခက်အခဲအကျပ်အတည်းတွေ အနဲနဲ့အများရှိကြမှာသေချာပါတယ် ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးအတူတကွလွတ်မြောက်ကျော်လွှားနိုင်ဖို့ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်တို့မိသားစု တဖတ်တလမ်းမှတတ်နိုင်သလောက်ပါဝင်လှူတန်းမှူ့လေးပြုလုပ်ခဲ့ပါတယ် ကျွန်တော်လှူတန်းမှူ့ဟာချစ်တဲ့ပရိသတ်ကြီးနဲ့အတူမို့ အားလုံးကုသိုလ်ရဖို့မျှော်လင့်ပါတယ် ဘေးရန်ကင်း၍မိသားစုတိုင်းကျန်းမာပျော်ရွှင်ကြပါစေ " ဆိုပြီး ကြည်နူးစရာကောင်းစွာ ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်.... ။

Photo credit - Zarni Myonyunt's FB account

Source & Photo credit - Zarni Myonyunt's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။