ပရိသတ်ကြီးရေ တစ်ခေတ်တခါက ပရိသတ်ရင်ထဲမှာ နေရာယူခဲ့တဲ့ မင်းသမီး ခွန်းဆင့်နေခြည်ကတော့ သူ့ခေတ်သူ့အခါတုန်းက အရမ်းကိုလှခဲ့လို့ အလှမယ်ဆုတွေလည်း ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်က ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမပါဝင်ခဲ့တဲ့ ဗီဒီယိုဇာတ်ကားများကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပါတယ်။ သူမက‌တော့ ခွန်းဆင့်နေခြည်ဆိုတဲ့ နာမည်ဆန်းဆန်းလေးနဲ့ အနုပညာလောကထဲမှာ ရေပန်းစားခဲ့တဲ့ မင်းသမီးလေးတစ်လက်ပါနော်။

Photo credit - Khun Sint Nay Chi's FB account
Photo credit - Khun Sint Nay Chi's FB account

ခွန်းဆင့်နေခြည်ဟာဆိုရင် သရုပ်ဆောင်တာလည်း ကောင်းတဲ့အပြင် သီချင်းဆိုရင်လည်း အသံကောင်းလို့ သူမရဲ့ သီချင်းတွေဆိုလည်း ပရိသတ်ကအားပေးကြပါတယ်။ ခွန်းဆင့်နေခြည်က ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားကိုလည်း ပိုင်ဆိုင်ထားပြီး ဟိုးအရင်တုန်းက ဒီဇိုင်းခပ်မိုက်မိုက်တွေနဲ့ အရမ်းကိုလန်းခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ ယခုအချိန်ထိတိုင် မပျက်စီးသေးတဲ့ အလှတရားတွေနဲ့ လူမှုကွန်ယက်ထက်မှာ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာပါ။

Photo credit - Khun Sint Nay Chi's FB account
Photo credit - Khun Sint Nay Chi's FB account

ခွန်းဆင့်က အနုပညာအလုပ်တွေကို ရပ်နားထားတာအတော်ကြာပြီဖြစ်ပြီး နယူးယောက်မြို့မှာ အခြေချနေထိုင်တာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ ခွန်းဆင်က " အဝေးရောက်နေရတော့ စိတ်မချဘူး အမေ CCTV ကနေအမြဲကြည့်ပြီး အမေနဲ့အိမ်ကို စောင့်ရှောက်နေပါတယ် နော် အမေ့ကိုသတိရလို့ အမေမြင်အောင် ဒီ ပို့စ်လေးတင်လိုက်ပါတယ် " ဆိုပြီး မိခင်ဖြစ်သူကို လွမ်းဆွတ်နေတာဖြစ်လို့ ပရိသတ်တွေသိရှိစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - Khun Sint Nay Chi's FB account
Photo credit - Khun Sint Nay Chi's FB account
Photo credit - Khun Sint Nay Chi's FB account
Photo credit - Khun Sint Nay Chi's FB account

Source & Photo credit - Khun Sint Nay Chi's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။