အသားမည်းရင်ပတ္တမြားခဲလို့ဆိုတတ်ကြပေမယ့် ဒီပတ္တမြားခဲကတော့ မည်းနက်လွန်းလို့ ရှားပါးအလှတစ်မျိုးအနေနဲ့ ဂုဏ်ပြု ခံရတာပဲဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ်ရှိ Nyakim Gatwechအမည်ရ ဆူဒန်နိုင်ငံတောင်ပိုင်းမှာနေထိုင်တဲ့ မော်ဒယ်မလေးဟာ လတ်တလောမှာ အင်တာနက်အသုံးပြုသူတွေကြားမှာ သူမရဲ့ ရှားပါးပြီးနက်မှောင်တဲ့အသားအရေကြောင့် နာမည်ကျော်ကြားသူဖြစ်ပါတယ်။ 

ဒါပေမယ့် သူနာမည်မကြီးခင်တုန်းက သူမကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက များလွန်းလှပါတယ်။ သူမရဲ့ပတ်ဝန်းကျင်ကလူတိုင်းဟာ သူမကိုလှောင်ပြောင်ခဲ့ကြပါတယ်။ တစ်ချို့လူတွေကတော့ သူမရဲ့အသားအရေကြောင့် သူမကို ချစ်မြတ်နိုးတဲ့လူပေါ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့သလို အသားဖြူဆေးသုံးဖို့ တိုက်တွန်းသူတွေတောင် အများအပြားရှိခဲ့ပါတယ်။

ဒါပေမယ့် Nyakim ဟာ သူမရဲ့အသားအရေကိုတန်ဖိုးထားပြီး သူမဟာ အလှပဆုံးလူတစ်ယောက်ဖြစ်တယ်လို့ အမြဲခံယူထားတဲ့လူပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းတဲ့သူမဟာ ဘယ်သူတွေဘာပြောပြောရယ်မောနေခဲ့ပြီး အလှပဆုံးအကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေခဲ့ပါတယ်။

လက်ရှိမှာ Minneapolisအရပ်မှာ နေထိုင်နေပြီဖြစ်တဲ့သူမဟာ မော်ဒယ်လောကမှာတော့ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေပြီး သူမရဲ့ရှားပါးပြီး လှပနက်မှောင်တဲ့အသားအရေကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။

သတင်းအရင်းမြစ် Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။