ပရိသတ်ကြီးရေ......သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အ၀ရရှိထားသူကတော့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

photo credit-Wutt Hmone Shwe Yi's Facebook acc
photo credit-Wutt Hmone Shwe Yi's Facebook acc

၀တ်မှုန်ရွှေရည်ဟာ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုအရွယ်တင်နုပျိုနေတာပါနော်။ ဒါ့ပြင်ကစ်ဟာ ဖက်ရှင်နဲ့ပက်သက်ပြီးလည်း အမြဲခေတ်မီစတိုင်ကျကျ၀တ်တတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေရတာပါ။ ရွှေကစ်ဟာ အသက်ကြီးလာတယ်လို့ကိုထင်ရက်စရာမရှိအောင်ကို အမြဲနုပျိုနေပြီး ဆယ်ကျော်သက်လေးအတိုင်းလှရက်သူပါ။

photo credit-Wutt Hmone Shwe Yi's Facebook acc
photo credit-Wutt Hmone Shwe Yi's Facebook acc

အခုဆိုရင်လည်း ကစ်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ကစ်တို့ မြန်မာလူမျိုးတွေအတွက် လထူးလမြတ်လေးဖြစ်တဲ့ ဝါလကင်းလွတ်သီတင်းကျွတ်အချိန်ကာလလေးရောက်ပြီမို့ အားလုံးပဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ရောဂါဘယများလဲ ကင်းလွတ်ပြီးစီးပွားလာဘ်လာဘများတိုးတက်ကြပါစေလို့ ကစ်က ဆုတောင်းပေးလိုက်ပါတယ်ရှင့်"ဆိုတဲ့ captionလေးနဲ့အတူ မြန်မာဆန်ဆန်လေးလှနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Wutt Hmone Shwe Yi's Facebook acc
photo credit-Wutt Hmone Shwe Yi's Facebook acc

Source& photo credit-Wutt Hmone Shwe Yi's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။