ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်နေသလို ကြည်နူးအားကျစရာ အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြသူတွေကတော့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

တစ်ယောက်နဲ့တစ်ယောက် အမြဲကြင်နာမှုလေးတွေနဲ့ လိုက်ဖက်ညီကြတဲ့ သူတို့စုံတွဲလေးကတော့ သွားအတူလာအတူနဲ့ အခမ်းအနားပွဲတွေလည်း အတူတက်ရောက်ဖြစ်ကြသူလေးတွေပါ..။

Photo Credit - Hlwan Paing's Fb Page
Photo Credit - Bobby Soxer's Fb Page
Photo Credit - Hlwan Paing's Fb Page
Photo Credit - Bobby Soxer's Fb Page

အခုတစ်ခါမှာလည်း ချစ်သူနှစ်ဦးပွဲအတူတက်ရင်း Bobby Soxer တစ်ယောက် ချစ်သူလွှမ်းပိုင်ကို အစစအရာရာ ကိုယ်တိုင်ဂရုစိုက်ပေးနေတဲ့ ကြည်နူးစရာပုံရိပ်လေးဟာ ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။

All New KIA Soluto ပွဲလေးကို အတူတက်ရောက်ရင်း နှစ်ယောက်အတူ စုံတွဲသီချင်းတွေလည်း သီဆိုဖျော်ဖြေခဲ့ကြတာကိုလည်း တွေ့မြင်ရမှာပါနော်..။

Photo Credit - Bobby Soxer's Fb Page
Photo Credit - Hlwan Paing's Fb Page
Photo Credit - Bobby Soxer's Fb Page
Photo Credit - Hlwan Paing's Fb Page
Photo Credit - Bobby Soxer's Fb Page

"All New Kia Soluto နဲ့ အချစ်တွေရှိရာ မောင်းနှင်မလို့ ထက်နဲ့ ဘယ်သူလိုက်မလဲ??

လိုက်မယ်ဆို ကားပေါ် မြန်မြန်တက်လိုက်တော့.." ဆိုပြီး ထက်ထက်ကလည်း ဝေမျှထားတာ ဖြစ်ပါတယ်..။

"All New KIA Soluto Launch မှာ ကျနော် ဘာသီချင်းဆိုခဲ့လဲ.. ဘာတွေပြောခဲ့လဲ မှတ်မိလားဗျ.. ချစ်ရင် ပြောပြခဲ့နော်.." ဆိုပြီးတော့လည်း လွှမ်းပိုင်ကလည်း သူ့ရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဝေမျှထားတာမို့ သူတို့ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Hlwan Paing's Fb Page
Photo Credit - Bobby Soxer's Fb Page
Photo Credit - Bobby Soxer's Fb Page
Photo Credit - Bobby Soxer's Fb Page
Photo Credit - Bobby Soxer's Fb Page

Source & Photo Credit - Hlwan Paing's Fb Page & Bobby Soxer's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။