ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်နေကြသလို ကြည်နူးပျော်စရာ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားကြတဲ့ စုံတွဲလေးကတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ပဲ ဖြစ်ပါတယ်နော်..။

တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နားလည်မှုလေးတွေနဲ့ ချစ်သူဘဝကို ဖြတ်သန်းလာကြတဲ့ သူတို့စုံတွဲလေးဟာ မကြာခင်မှာပဲ လက်ထပ်တော့မှာဖြစ်ကာ မိသားစုဘဝလေးကို ပိုင်ဆိုင်ကြတော့မှာပါနော်..။

Photo Credit - Soe Soe's Fb Acc
Photo Credit - Soe Soe's Fb Acc

ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားတဲ့ ချစ်သူလေးခင်လွှမ်းကိုလည်း စည်ဖြိုးတစ်ယောက် အစစအရာရာ သည်းသည်းလှုပ်ဂရုစိုက်နေတာ ဖြစ်ပါတယ်နော်..။

မကြာခင်မှာ လက်ထပ်ကြတော့မှာမို့ Pre Wedding ဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေ ရိုက်ကူးနေတာကိုလည်း ကြည်ကြည်နူးနူးလေး မြင်တွေ့ကြရဦးမှာပါနော်..။

Photo Credit - Soe Soe's Fb Acc
Photo Credit - Soe Soe's Fb Acc

ကြည်နူးရင်ခုန်စွာနဲ့ ခမ်းခမ်းနားနားလေး ရိုက်ကူးနေကြတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ Pre Wedding ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

မကြာခင်မှာ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ကြတော့မယ့် စည်ဖြိုးနဲ့ ခင်လွှမ်းတို့အတွက် ပရိသတ်တွေအားလုံးကလည်း ဝမ်းသာစွာနဲ့ ဂုဏ်ပြုစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Photo Credit - Soe Soe's Fb Acc
Photo Credit - Soe Soe's Fb Acc

Source & Photo Credit - Soe Soe's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။