ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ ရင်သွေးလေးတွေနဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကတော့ မင်းသမီးချောနန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ နန်းမြတ်လေးကတော့ အနုပညာအလုပ်တွေအပြင် သားလေးနဲ့ တစ်ဖက်မှာလည်း မလစ်ဟင်းဘဲ မိသားစုအပေါ် အချိန်ပေးဖြစ်နေသူလေးလည်း ဖြသ်ပါတာ်နော်..။

Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc

ကြည်နူးစရာမိသားစုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျစေတဲ့ နန်းမြတ်လေးကတော့ အခုလို သီတင်းကျွတ်အချိန်အခါလေးမှာလည်း မိသားစုလိုက် သီတင်းကျွတ်ပွဲလေး ဆင်နွှဲနေတဲ့ပျော်စရာအမှတ်တရလေးတွေနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

အိမ်မှာ Stay Home နေရင်း မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ ဆီမီးလေးတွေထွန်းကာ သားလေးနဲ့အတူ မီးပန်းကစားနေတဲ့ ကြည်နူးပျော်စရာပုံရိပ်လေးတွေကို ဝေမျှထားတာပါနော်..။

Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc

"ချစ်သောပရိသတ်ကြီးများအားလုံး...

ပျော်ရွှင်စရာသီတင်းကျွတ်ချိန်ခါလေးဖြစ်ပါစေရှင့်

အဆော့တလိုင်း သားအမိကတော့ ဒီညဆော့ကြပါတယ်

ဂျက်လေးကြောက်မှာ စိုးရိမ်နေတာ သူကပျော်တောင်နေသေးတယ်

နောက်ဆုံးပုံကတော့အပိုဆု.." ဆိုပြီး မိသားစုပျော်စရာပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ကဲ.. ချစ်စရာကောင်းတဲ့ နန်းမြတ်တို့ မိသားစုလေးရဲ့ ပျော်စရာပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc
Photo Credit - Nann Myat Phyo Thinn's Fb Acc

Source & Photo Credit - Nann Myat Phyo Thinn's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။