ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေပြီး အကောင်းဆုံး လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင် က သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသမီးလေးကိုလည်း မွေးထားပါသေးတယ်။

Photo Credit - kyawmyoaung
Photo Credit - kyawmyoaung
Photo Credit - kyawmyoaung

သမီးလေး Treasure လေးကလည်း ဖေဖေမေမေတို့ရဲ့ အသည်းကျော်လေးဖြစ်ကာ တစ်နေ့တခြား မေမေစန္ဒီမြင့်လွင် နဲ့ မျက်နှာချင်းပိုပိုတူလာနေတာဖြစ်ပါတယ်။ ယခုမှာတော့ စန္ဒီမြင့်လွင် က ပရိသတ်တွေကြည်နူးစေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ မိသားစုတွေစုံစုံလင်လင်နဲ့ ဖေဖေမေမေတို့ကို ကန်တော့ခဲ့တဲ့ ပုံလေးတွေပုံဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုလေးတွေက ရောဂီဝတ်စုံလေးတွေဝတ်ဆင်ထားပြီး ကျက်သရေရှိလှပါတယ်။

Photo Credit - kyawmyoaung
Photo Credit - kyawmyoaung
Photo Credit - kyawmyoaung

ဒီပုံလေးတွေနဲ့လည်း စန္ဒီမြင့်လွင် က " ယနေ့သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) မြတ်စွာဘုရားရှေ့မှာ ကိုးပါးသီလခံယူဆောက်တည်ခြင်းပရိတ် မဟာသမယ ပဌာန်းဒေသနာတော်တို့ဖြင့်လည်း ပူဇော်ပေးပြီးခင်ပွန်းကြီး၁၀ပါးကိုလည်း ဝန်ချတောင်းပန်ကန်တော့ပါတယ်...သီတင်းကျွတ်မှာပြုလုပ်မြဲ မိဘများအားလဲရှိခိုးကန်တော့ပါတယ်......ပြုပြုသမျှကောင်းမှုကိုမိဘဘိုးဘွားဆရာသမားဆွေမျိုးမ်ိတ်ဆွေအစထား၍(၇)ရက်သားသမီးအားလုံး၊ရာဟုသားသမီးအားလုံးနှင့်၃၁ဘုံကျင်လည်နေကုန်သောသတ္တဝါအားလုံးထပ်တူကုသိုလ်ရကြပြီးကိုယ်ကျန်းမာစ်ိတ်ချမ်းသာကြပါစေ။ဘေးဆိုးကပ်ဆိုးအမျိုးမျိုးမှလည်းကင်းဝေးကြပါစေကြောင်း ဒီဒီတို့မိသားစုမှလိူက်လိူက်လှဲလှဲဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်" ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း စန္ဒီမြင့်လွင်တို့ မိသားစုလေးရဲ့ ပုံလေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - kyawmyoaung
Photo Credit - kyawmyoaung

Photo Credit - kyawmyoaung

Source - SandyMyintLwin fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။