အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က သူမရဲ့အောင်မြင်မှုတွေကိုလည်း ဆယ်စုနှစ်မက ထိန်းထားနိုင်ဆဲဖြစ်လို့ ယနေ့အချိန်ထိတိုင် ပရိသတ်ရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်က အသက်(၄၀)ကျော်အရွယ်ရောက်ရှိနေပေမယ့် အလှအပတွေကတော့ နည်းနည်းလေးမှမလျော့သွားပါဘူးနော်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

အိန္ဒြာကျော်ဇင်က သားတစ်ယောက်၊သမီးတစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်ရဲ့ ချစ်ခင်ပွန်းပြေတီဦးကလည်း ခင်ပွန်းကောင်းပီသလို့ သူမအတွက်တော့ အမြဲတမ်း စိတ်ချမ်းသာနေရတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့ အခုလို အနုပညာအလုပ်တွေရပ်နားထားရတဲ့အချိန်လေးမှာ သူမဝါသနာပါတဲ့ ပန်းချီဆွဲတာကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

အိန္ဒြာကျော်ဇင်ရဲ့အလှအပတွေကလည်း ဘယ်တော့မှမရိုးသွားတာကြောင့် အခုဆိုရင်လည်း မြန်မာဆန်ဆန်လေးနဲ့တောင် မဟာဆန်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်က"ပျော်ရွှင်စရာစတေးဟုမ်းသီတင်းကျွတ်ဖြစ်ပါစေရှင် လူကြီးမိဘဆရာသမားများအားလုံးနဲ့ ဆရာဝန် ဆရာမများကျန်းမာရေးဝန်ထမ်းများအားလုံးကို ဒီကနေ ဂါရဝ ပြုလိုက်ပါတယ်ရှင်"ဆိုပြီး သနပ်ခါးလေးနဲ့ လှနေတဲ့ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

Source&Photo Credit:Eaindra Kyaw Zin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။