ချစ်သူချောလေး Hassan Jameel နဲ့ တစ်နေရာပြီးတစ်နေရာ ချိန်းတွေ့ရတာ မဝတဲ့ပုံပဲ Ri Riရေ။ 

Rihanna ကတော့ သူ ့ရဲ ့ချစ်သူချောလေး Hassan Jameel နှင့်တွေ ့ရတာမဝသလို ဖြစ်နေပြီး လက်ရှိအချိန်မှာဆိုရင် စပိန်ဘက်ကို ဆက်ပြီးခရီးထွက်နေပါသေးတယ်။သူတို ့နှစ်ယောက်ဟာ Ibiza ရဲ ့ကော်ဖီဆိုင်ကနေ ကော်ဖီခွက်ကိုယ်စီကိုင်ပြီး ထွက်လာခဲ့တာကိုသတင်းသမားတွေက အမိအရဓါတ်ပုံဖမ်းရိုက်ထားခဲ့ပါတယ်။ရီဟားနားတယောက်ကတော့ အနက်ပေါ်မှာ အဖြူစင်းတွေပါတဲ ့အကျီကို ဝတ်ဆင်ထားပြီ းနေကာမျက်မှန်ကို ကျကျနနတပ်ထားလိုက်ပါသေးတယ်။လက်ထဲမှာတော့ Bomber Jacket ကို သူမရဲ ့လက်မောင်းပေါ်တင်ပြီး ဆိုင်ထဲကထွက်လာတဲ့ ပုံစံကတော့ တော်တော်လေးကြည့်ကောင်းလှပါတယ်။

သူမရဲ့ချစ်သူသစ်လေး Jameel တယောက်ကတော့ Adidas ဦးထုပ်နဲ ့ ဂျင်းပဲင်အပြာကို လိုက်ဖက်စွာနှင့် အရမ်းစမတ်ကျလှတဲ့ နာရီကို ဝတ်ဆင်ထားပါတယ်။ဒီကောင်လေးကတော့ သူ ့မျက်နှာမှာ အပြည့်အဝကြီးကို ကျေနပ်နေပုံပါပဲ။ဒါပေမယ့် ဒီကောင်မဆိုးလေးနှင့် သူတို ့ဘယ်လောက်မြဲမလဲ ဆိုတာတကယ့်ကို မှန်းဆရတော့ခက်နေဆဲပါပဲနော်။

သတင်းအရင်းမြစ် MODA

Photo Source : Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။