မင်းသားချောလေး နေဒွေးကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ ယောက်ျားပီသနေတဲ့ ကိုလူချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကိုလည်း အပြတ်အသတ်ရရှိထားတဲ့ နေဒွေးက အမြဲတမ်းစတိုင်လ်ကျနေတတ်တာ ဖြစ်ပါတယ် ။ နေဒွေးဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေ အမြောက်အမြားကိုရိုက်ကူးခဲ့ရုံသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ လက်ခံရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc

အားကစားလိုက်စားသူလည်းဖြစ်တဲ့ နေဒွေးက မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်ကို အားပေးဝန်းရံသူတစ်ယောက် ဖြစ်ပါတယ် ။ ဒါကြောင့် နေဒွေးက မနေ့ညကယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့လက်ဝှေ့ပွဲကိုလည်း ကြည့်ရှုအားပေးခဲ့တာဖြစ်ပါတယ် ။ ပြိုင်ပွဲရလဒ်အရ ရှုံးနိမ့်သွားခဲ့တဲ့ အောင်လအန်ဆန်အတွက် နေဒွေးက ပရိသတ်တစ်ဦးပီပီ လူမှုကွန်ယက်ကတစ်ဆင့် အားပေးစကားတွေရေးသားပြောခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc

နေဒွေးက "ဘာရလဒ်ပဲထွက်ထွက် ရင်ထဲမှာအမြဲနိုင်ပြီးသားပါ ကိုဗစ်ဖြစ်ထားတာ (၃)လပဲရှိသေးတယ် အဲ့တာကို Bjj စကေးကောင်းပြီး ကိုယ့်ထက် (၅)နှစ်ငယ်တဲ့ တန်းမတူတဲ့သူနဲ့ယှဉ်ဖိုက်ခိုင်းတဲ့ One Championship ဥက္ကဌကိုတော့အံဩမိတယ် ဘာပဲဖြစ်ဖြစ် အောင်လ နိုင်တယ် အနိုင်ပြီးရင် အရှုံး ဆိုတာရှိလာမှာလက်ခံလို့ရပါတယ် ဒါပေမဲ့ ရင်ထဲမှာခံစားနေရတာကပြောပြမတတ်အောင်ဖြစ်နေတာ တော်တော်ဆိုးတယ်ဗျာ" ဆိုပြီး ပြိုင်ပွဲအတွက် သူ့ရဲ့ထင်မြင်ချက်တွေနဲ့ ရင်တွင်းစကားတွေကို ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Nay Dway's FB Acc

Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc
Photo Credit-Nay Dway's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။