စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit : Smile Facebook Page
Photo Credit : Smile Facebook Page

သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။ 

Photo Credit : Smile Facebook Page
Photo Credit : Smile Facebook Page

အခုလည်း သီတင်းကျွတ်လပြည့်နေ့လေးမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ ပုံလေးတွေနဲ့အတူ "သီတင်းကျွတ်လပြည့်နေတွင် သစ်တံခါးဆရာတော်ဘုရားကြီး၏လမ်းညွုန်မှုဖြင့် သစ်သီး ၂၄လုံး ဆွမ်း ၂၄ပွဲ သောက်တော်ရေ ၂၄ခွက် ဆီမီး ၂၄တိုင် ပန်း ၂၄ပွင့် တို့ကိုမြတ်စွာဘုရားအားဆပ်ကပ်လှူဒါန်းပြီး ဥပုသ်သီလစောင့်တည်ကာ ပဌာန်း ၂၄ခေါက်ရွတ်ဖတ်ပူဇော်ပါမည်ဘုရား" ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် 

Photo Credit : Smile Facebook Page
Photo Credit : Smile Facebook Page

Source & Photo Credit : Smile Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။