အကယ်ဒမီမင်းသားတစ်လက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ သားသမီးသုံးယောက်ရဲ့ဖခင်ဖြစ်သည့်တိုင်အောင် အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်နော်။မင်းမော်ကွန်းရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကလည်း သာယာအေးချမ်းပြီး နွေးထွေးမှုအပြည့်ရှိတဲ့ မိသားစုလေးဖြစ်ပါတယ်။မင်းမော်ကွန်းက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account

မင်းမော်ကွန်းက အခုအရွယ်ထိတိုင် ငယ်ရုပ်မပျောက်သေးဘဲ အစဉ်နုပျိုနေလို့ ပရိသတ်တွေကအမြဲချီးကျူးနေကြတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ သားသမီးသုံးယောက်လုံးကလည်း အဖေတူလေးတွေဖြစ်လို့ အရမ်းချစ်ဖို့ကောင်းကြပြီး လိမ္မာရေးခြားလည်းရှိကြပါတယ်နော်။မင်းမော်ကွန်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားသမီးတွေကို အကောင်းဆုံးပြုစုပျိုးထောင်ပေးကြပြီး မိဘဝတ္တရားကျေပွန်ကြပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account

ဒီနေ့လေးဟာဆိုရင် မင်းမော်ကွန်းတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။မင်းမော်ကွန်းကတော့"Happy anniversary ပါ မေမေ နှစ်ပေါင်းများစွာ တိုင်အောင် မိသားစုနဲ့အတူချစ်ကြမယ်"ဆိုပြီး အမှတ်တရပုံလေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာတာဖြစ်ပါတယ်။နွေးနွေးထွေးထွေးနဲ့ အပြန်အလှန်ကြင်နာနေကြတဲ့ မင်းမော်ကွန်းတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account
Photo Credit:Kyaw Kyaw Htay Lwin's Facebook Account

Source&Photo Credit:Kyaw Kyaw Htay Lwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။