ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ပြေတီဦးကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောထားပြည့်ဝကောင်းမွန်လို့ အားလုံးက ချစ်ခင်ရသူပဲ ဖြစ်ပါတယ်။ ပြေတီဦးဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုများစွာကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်နော်...။

photo credit- Pyay Ti Oo's Facebook acc
photo credit- Pyay Ti Oo's Facebook acc

ပြေတီဦးဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်မှုတွေကြောင့် ပရိသတ်အခိုင်အမာနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်သလို လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်နော်။ ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်းလည်း တည်ထောင်ထားတာဖြစ်ပြီး ၀မ်းမြောက်ကြည်နူးဖွယ်ရာ အလှူဒါနတွေကို လှူဒါန်းလေ့ရှိတာလည်းဖြစ်ပါတယ်။

photo credit- Pyay Ti Oo's Facebook acc
photo credit- Pyay Ti Oo's Facebook acc

အခုဆိုရင်လည်း ပြေတီဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ ကိုဗစ်ရောဂါခုခံတိုက်ဖျက်ရေးအတွက် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဇော်ဝင်းမြင့်နှင့် တိုင်ပင်ကာ ရောဂါခံစားနေရသူများအတွက်အမှန်တကယ်လိုအပ်နေသော အသက်ရှူစက် ၅ လုံးကိုထပ်မံလှူဒါန်းခဲ့ပါသည်။ ပြည်သူများအားလုံး ဤရောဂါကပ်ဆိုးကြီးအန္တရာယ်မှအမြန်ဆုံးကင်းဝေးပြီး ပျော်ရွှင်ကျန်းမာသော အခြေအနေသို့အမြန်ဆုံးပြန်လည်ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။အမှုဆောင်အဖွဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်း" ဆိုပြီးရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit- Pyay Ti Oo's Facebook acc
photo credit- Pyay Ti Oo's Facebook acc

Source& photo credit- Pyay Ti Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။