ဇူလိုင် ရရက်နေ့၊ နေ့လည် ၁နာရီ ၄ဝမိနစ်ဝန်းကျင်မှာ YBS 37နဲ့ YBS 55ယာဉ် နှစ်စီးတိုက်မိရာမှ လူရဦးသေဆုံးပြီး ခန့်မှန်း လူအယောက်၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှသိရပါတယ်။

ရန်ကုန်-ပြည်လမ်းမကြီး၊ပျဉ်းမပင်ကျေးရွာအုပ်စု၊ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းအဟောင်းအရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး “လူနာတွေကိုတော့ မေဓါဝီဆေးရုံ ပို့ထားတယ်။အခုလောလောဆယ်တော့ တိတိကျကျ ပြောလိို့မရသေးဘူး။ခန့်မှန်းပဲ ပြောရတယ်။လူကအရမ်းများတော့ မတွက်နိုင်သေးဘူး။”လို့ ပုလဲ အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ထောက်ကြန့်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၁စီး၊အင်းစိန်မြို့နယ် မီးသတ်စခန်းက ရှာဖွေရေးယာဉ် ၁စီး၊လူနာတင်ယာဉ်၁စီး၊ပုလဲအရန်မီးသတ် စခန်းက လူနာတင်ယာဉ်၃စီး နဲ့ ရှာဖွေ ကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။

သတင်းအရင်းမြစ် Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။