ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ဆယ်လီ အနုပညာရှင်တွေ ရဲ့မိသားစုတွေထဲမှာ အကယ်ဒမီခိုင်သင်းကြည် တို့မိသားစုလေး လည်း အပါဝင်ပါပဲနော် ။ မိသားစု စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြပြီး မခိုင်လေးကတော့ သမီးလေး စံထိပ်ထားဦးကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်ဖြစ်သလို ထိပ်ထိပ်လေးကလည်း မေမေ့ကို အရမ်းချစ်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါ ။

Photo Credit : San Htate Htar Oo Facebook Page
Photo Credit : San Htate Htar Oo Facebook Page

ထိပ်ထားလေးကတော့ အမေခြေရာ အပြတ်နင်းကာ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဖူးပွင့်ကာစ ပန်းလေးတစ်ပွင့်လို လှချင်တိုင်းလှနေတဲ့ ထိပ်ထိပ်လေးရဲ့အလှကတော့ ပကတိအတိုင်း ရိုးရှင်းလှပနေတာ တွေ့ရပါတယ်။လတ်တလောမှာတော့ မထင်မှတ်ရလောက်အောင် လက်ရာမြောက်လွန်းတဲ့ Halloween မိတ်ကပ်လေးကို အမိုက်စားဖန်တီးလိမ်းခြယ်ပြထားတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : San Htate Htar Oo Facebook Page
Photo Credit : San Htate Htar Oo Facebook Page

ပုံလေးတွေတိုင်းက မိမိုက်ပြီး တကယ်ကိုလက်ရာမြောက်လွန်းနေတာကြောင့် ပရိသတ်တွေကြိုက်နှစ်သက်နေကြတာလည်းတွေ့ရပါတယ် ။ ထိပ်ထိပ်လေးကတော့ ခုလို stay home ကာလလေးမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာလည်းဖြစ်ပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် ထိပ်ထိပ်လေးရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။

Photo Credit : San Htate Htar Oo Facebook Page
Photo Credit : San Htate Htar Oo Facebook Page

Source & Photo Credit : San Htate Htar Oo Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။