ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်တွေများစွာနဲ့ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ထားသူကတော့ မို့မို့မြင့်အောင်ပဲ ဖြစ်ပါတယ်နော်..။

ဆယ်စုနှစ်တွေကတည်းက နာမည်ရအောင်မြင်လာခဲ့ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေရရှိထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Academy Moht Moht Myint Aung's Fb Acc
Photo Credit - Academy Moht Moht Myint Aung's Fb Acc

မေမွှေးလို့် အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မို့မို့မြင့်အောင်ကတော့ မိခင်ဖြစ်သူရဲ့ ကွယ်လွန်ခြင်းတစ်လပြည့်လေးမှာ ရည်စူးကုသိုလ်လေးတွေပြုလုပ်ကာ ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။

မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက်ပိုင်း သားသမီး မြေးမြစ်လည်းမရှိတဲ့ သူမအတွက် ပိုပြီးဝမ်းနည်းကာ အထီးကျန်သလိုခံစားနေတဲ့အချိန်မှာ တပည့်ဖြစ်သူတွေက သီတင်းကျွတ်လာကန်တော့အတွက် ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်နော်..။

Photo Credit - Academy Moht Moht Myint Aung's Fb Acc
Photo Credit - Academy Moht Moht Myint Aung's Fb Acc
Photo Credit - Academy Moht Moht Myint Aung's Fb Acc

"လေးစားချစ်ခင် တန်ဖိုးထားရပါသော ချစ်ပရိတ်သတ်ကြီးနှင့် We Love MMMA သဲသဲတုန်တို့ရှင့် ဒီနေ့ မို့ မိခင်ကြီး ကွယ်လွန်တာ ၁ လ ပြည့်သွားပါပြီ။ မိခင်ကြီးအား ရည်စူး၍ သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူပါတယ်။ ၁ လသာ ပြည့်သွားတယ် တမ်း တ တတ မေ့လို့မရပါဘူး။ မို့အိမ်အပြန်မှာတော့ လွမ်းလျအိမ်ပြန်ပါပဲ။ သူများတွေလို စိတ်ပြေရာ သားသမီးလည်းမရှိ မြေးလည်းမရှိပါဘူး ပိုခံစားရတာပေါ့ရှင်။.." ဆိုပြီးတော့ စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်နော်..။

"အဲ့ဒီလို ခံစားနေရချိန်မှာ ဖုန်းတစ်ခု ဝင်လာပါတယ် ၊ သားသား မိုးအောင်ရင် ဆီကပါ Covid ဖြစ်နေလို့ Online Homage သီတင်းကျွတ် ဂါဝရ ကန်တော့တာပါ။ ဆရာတစ်ယောက်အနေနဲ့ မိခင်မေတ္တာအရင်းခံပြီး ပီတိတွေဖြစ်ရပါတယ်။ သားသား သိတတ်လိမ္မာလို့ပေါ့ မို့လည်း ဆုတွေ တဝကြီးပေးလိုက်ပါတယ်။ သူ့ဖုန်းကိုချပြီး မကြာခင်မှာပဲ နောက်ဖုန်း တစ်ခုဝင်လာပါတယ်။ သူကတော့ သားတပည့် ကျော်ထက်ဇော် ပါပဲ သား သီတင်းကျွတ် လာကန်တော့ချင်တယ်တဲ့။ မို့ က Covid ကာလမို့လို့ သားကိုအားနာနေတယ်။ သူက သူလည်း အိမ်အပြင်မထွက်ဘူး သား လာကန်တော့ဖို့ အားလုံးစီစဉ်ပြီး ဖြစ်လို့ လာပါရစေဆိုတာနဲ့ မို့ လည်း လာခွင့် ပြုလိုက်ပါတယ်။ ကျွန်မ မှာ အနုပညာ သားသမီးတွေ ရှိနေတာပဲ လွမ်းလျှမှုတွေ လျှော့ပါးသွားပါတယ်။ သား ရောင်နီ လေးနဲ့ အနုပညာအကြောင်းတွေ အများကြီးပြောဖြစ်တယ် တော်တော်လေး စိတ် သက်တောင့်သက်သာဖြစ်သွားတယ် ဪ မို့ မှာ အနုပညာနဲ့ လွယ်မွေးတဲ့ သားသမီးတွေ ရှိတာပဲ ခွန်အားတွေ ဖြစ်စေပါတယ်။.." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

မိခင်ဖြစ်သူကွယ်လွန်သွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရှာတဲ့ မေမွှေးအတွက် ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောထားကြသလို သီတင်းကျွတ်ဂါဝရပြုတဲ့ တပည့်တွေကြောင့်လည်း ကြည်နူးပီတိလေးတေံ ဖြစ်လို့ နေပါတယ်နော်..။

Photo Credit - Academy Moht Moht Myint Aung's Fb Acc
Photo Credit - Academy Moht Moht Myint Aung's Fb Acc
Photo Credit - Academy Moht Moht Myint Aung's Fb Acc

Source & Photo Credit - Academy Moht Moht Myint Aung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။