ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Rဇာနည်ကတော့ ချစ်စရာသားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားလို့ အမြဲပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။Rဇာနည်ရဲ့ ချစ်ဇနီးလေးဝမ်းကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပြီး ချစ်ခင်ပွန်းရဲ့အလုပ်တွေကိုလည်း ကူညီလုပ်ကိုင်ပေးပါတယ်နော်။Rဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ အပြန်အလှန်ကြင်နာပြီး နှစ်ယောက်တစ်ဘဝလျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Rဇာနည်ရဲ့သားကြီးလေး ဖစ်ဖစ်တုန်ကတော့ အနုပညာကိုဝါသနာပါလို့ အခုအရွယ်အတည်း ဂီတပိုင်းကို လေ့လာသင်ကြားနေတာဖြစ်ပါတယ်။ချစ်ချစ်တုန်လေးကလည်း မွေးစကတည်းက လူချစ်လူခင်ပေါများပြီး ချစ်မွေးပါတဲ့ ကလေးလေးပါနော်။အခုတစ်လအရွယ် သမီးငယ်လေး မစ်မစ်တုန်ကလည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်လို့ Rဇာနည်တို့တစ်မိသားစုလုံးက ပရိသတ်အများအပြားရဲ့ ချစ်ခင်မှုကို ရရှိထားတာဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

အခုဆိုရင်တော့ Rဇာနည်တို့ မိသားစုလေးက သီတင်းကျွတ်လပြည့်နေ့လေးမှာ အိမ်ကို မီးလေးတွေနဲ့အလှဆင်ပြီး မြန့်မာရိုးရာဓလေ့ကို ပြုလုပ်နေကြတာဖြစ်ပါတယ်။မိသားစုငါးယောက်လုံးက လပြည့်နေ့လေးမှာ စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စရာလေးတွေဖန်တီးနေကြတာဖြစ်ပါတယ်။Rဇာနည်တို့မိသားစုလေးကို မြင်ရတာ ရင်ထဲမှာကြည်နူးမိလို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Source&Photo Credit:Zarni Myonyunt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။