အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီးရွှေမှုန်ရတီတို့ အနုပညာရှင်စုံတွဲလေးကို အားလုံးက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်....။ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ခင်တာဖြစ်ပြီး romantic ဆန်တဲ့ ဓာတ်ပုံအလန်းလေးတွေကို ပရိသတ်တို့ အမြဲရှုစားကြရမှာပါ။ ခင်ပွန်းသည် ရွှေထူးဟာဆိုရင် ဇနီးသည် ရွှေမှုန်ရတီကို အရိပ်အောက်ကနေ အပျောက်မခံနိုင်အောင်ပင် ချစ်မြတ်နိုးတာကြောင့် မိန်းကလေးပရိသတ်တွေက ရွှေမှုန်ကို အားကျနေတာကိုလည်း တွေ့မြင်ရပါတယ်။

Photo credit - Shwe Hmone Yati's Fb Account
Photo credit - Shwe Hmone Yati's Fb Account

အပန်းဖြေခရီးတွေလည်း အတူထွက်လေ့ရှိတဲ့ သူတို့စုံတွဲလေးဟာဆိုရင် ပြည်တွင်း၊ ပြည်ပနေရာ တော်တော်များများကို လည်ပတ်ပြီးပြီပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးကြတာကိုတွေ့ရပါတယ်။ အရမ်းကို ချစ်ကြသလို အစအနောက်လည်း ကြမ်းတဲ့ ရွှေနှစ်ရွှေတို့ စုံတွဲလေးက ယခုမှာလည်း ခင်ပွန်းသည် ရွှေထူးကို ဆေးထိုးလိုက်ပြန်ပါပြီနော်။ 

Photo credit - Shwe Hmone Yati's Fb Account
Photo credit - Shwe Hmone Yati's Fb Account

ဒါကတော့ ကိုဗစ်ကာလမှာ ရောဂါပိုးတွေမပြန့်အောင် ပိုက်ဆံနဲ့ ဖုန်းတွေကို ပိုးသတ်ဆေးပတ်ဖျန်းနေတဲ့ ရွှေထူးရဲ့ ပုံကို Mydayစာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ကြည်ကြည်နူးနူးရှိကြပြီး အမြဲ စနောက်နေကြတဲ့ ရွှေနှစ်ရွှေတို့စုံတွဲလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်။ ကဲ...ပုံလေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...... ။

Photo credit - Shwe Hmone Yati's Fb Account
Photo credit - Shwe Hmone Yati's Fb Account
Photo credit - Shwe Hmone Yati's Fb Account

Source & Photo credit - Shwe Hmone Yati's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။