လူတွေကပြောကြတယ်...မိန်းမတွေကို နားလည်အောင်လုပ်ဖို့ဆိုတာ စာမေးပွဲတစ်ခုလိုပဲတဲ့။ သူတို့တွေ ကိုယ့်အပေါ်ကို ဘယ်လိုပြုမငတာကို ကိုယ်က ဘယ်လိုနားလည်ပေးပြီး ကိုယ့်ကသူ့အတွက်ပါဆိုတာကြီးကို နားလည်အောင် လုပ်ဖို့က ခတ်ခဲပါတယ်။ ဒါပေမဲ့လဲ ကိုယ့်အတွက် ထိုက်တန်သူ ပြည့်စံသူမှသာလျှင်ချစ်သင့်ပြီး သူတို့ရဲ့စာမေးပွဲကို အောင်မြင်အောင် ဖြစ်သင့်ပါတယ်။ ခုဖော်ပြသွားတဲ့အချက်တွေကတော့ သင့်အတွက် သူမဟာ ပြည့်စုံမစုံ သိရှိနိုင်အောင်ပဲဖြစ်ပါတယ်။ 

၁။ ကျွန်မကြောင့်ဆိုပြီး နာမည်မတပ်သူ

လူတော်တော်များများဟာ ငါကြောင့် ခုလိုဖြစ်နေရတာ ငါသာအဲ့လိုမလုပ်ရင်ဘာဖြစ်မှာ ဆိုပြီး ရှိတက်ကြပါတယ်။ သူတို့ကိုသူတို့လဲ ဆရာကြီးတွေဘာတွေထင်ပြီး မာန်တွေတက်တက်နေတက်ပါတယ်။ တကယ့်လို သင့်ကောင်မလေးသာ အဲ့လိုသူမဟုတ်ဘူးဆိုရင် သူဟာ သင့်အပေါ်ကောင်းမွန်သူပါ။

၂။ သင့်ကို စိတ်ပြေဖို့အတွက် အချိန်ပေးသူ

အချစ်ရေးမှာ အရေးကြီးတာတွေထဲက တစ်ခုက အချိန်ပေးတာပါပဲ။ ပြဿနာတက်လို့ အချင်းချင်းရန်ဖြစ်နေမဲ့အစား သူမကသင့်ကို စိတ်ပြေဖို့အတွက် အချိန်ပေးပါလိမ့်မယ်။ နှစ်ယောက်နှစ်ဖက်လုံးကတော့ လိုတာပေါ့။ ဒါပေမဲ့ မိန်းကလေးဘက်ကနေ အဲ့လိုမဖြစ်ပါနဲ့နော် စိတ်အေးအေးထား ဟုတ်ပြီးလား စိတ်အေးအောင် အချိန်ယူလိုက်ပါဆိုပြီး ပြောပြ လုပ်ပေးနေရင်တော့ လက်မလွှတ်ပါနဲ့။

P

၃။ လျှို့ဝှက်ချက်မထားသူ

အဲ့အချက်ကလဲ အချစ်ရေးမှာ အရေးကြီးပါတယ်....သူမဘက်ကေနေ ဘာလျှို့ဝှက်ချက်မှမထားပဲ အကုန်ြပောပြနေရင်တော့ သူမက ယုံကြည်ရသူပါ။

၄။ သင့်နဲ့ထပ်တူကျအောင် နေပေးသူ

မိန်းကလေးတစ်ယောက်က သူဖြစ်ချင်တာတွေကို မေ့ပြီး သင့်နဲ့ထပ်တူကျအောင် နေပေးသူကတော့ ခပ်ရှားရှားပါ။ 

၅။ လူတွေအားလုံးအရှေ့မှာ သင့်ကိုလေးစားသူ

သူမရဲ့သူငယ်ချင်းတွေရှေ့မှာဖြစ်ဖြစ် သင့်သူငယ်ချင်းတွေရှေ့မှာပဲဖြစ်ဖြစ် သူမက သင့်အပေါ်ကို စိတ်ပျက်ရအောင် မျက်နှာပျက်ရအောင် မလုပ်ပဲ လေးလေးစားစားဆက်ဆံနေတတ်တဲ့သူက တကယ်ချစ်သူပါ။

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။