၀ါကျွတ်မှာ အနုပညာရှင်တွေ ဟော..တစ်ယောက်၊ ဟော..တစ်ယောက် လက်ထပ်ပွဲတွေ ကြီးကြီးကျယ်ကျယ် လုပ်နေကြတဲ့အချိန် အားလုံးချစ်တဲ့ နေတိုးကတော့ သူနဲ့မဆိုင်ပါဘူးတဲ့ဗျာ။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်။ 

အနုပညာမှာ ဘက်စုံတော်ပြီး ပရိသတ်အားပေးမှု တခဲနက်ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုးတယောက် ယခုထက်ထိ အိမ်ထောင်မပြုဖြစ်သေးခြင်းမှာ မိခင်ကြောင့်မဟုတ်ဘဲ အနုပညာတာဝန်များကို ထမ်းနေရတဲ့ သူ့အတွက် အိမ်ထောင်တာဝန်ထမ်းဖို့ အလှည့်မရောက်နိုင်သေးလို့ပါလို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“အမေကြောင့်ဆိုတာတော့ မမှန်ဘူးဗျ၊ အမေချစ်လို့ အိမ်ထောင်မပြုဖြစ််တာ မဟုတ်ပါဘူး။ ကျနော်က အနုပညာကိုချစ်တယ်။ အနုပညာရဲ့တာဝန်ကို အခုချိန်မှာ ကျနော်ထမ်းထားရတယ်။ ဒါကြောင့်အိမ်ထောင်ပြုပြီး အိိမ်ထောင်တာဝန်ထမ်းဖို့ ကျနော်အလှည့်မရောက်နိုင်သေးတာပါ” လို့ သရုပ်ဆောင်နေတိုးက ပြောကြားခဲ့ပါတယ်။

ရှုတင်တွေမှာ မိခင်ဖြစ်သူ အမြဲလိုက်ပါဖြစ်တာနဲ့ ပတ်သတ်ပြီးတော့ နေတိုးက “လူတယောက်ဆိုတာက အကျင့်ပေါ့။ ကျနော်စစချင်း အနုပညာအလုပ်ကိုလုပ်တော့ ရှုတင်သွားမယ်ဆိုတဲ့အချိန်မှာ အမေက သူပါလိုက်မယ် ဆိုပြီး လိုက်ခဲ့တယ်ပေါ့။ဆိုတော့ ရှုတင်သွားရင် အမြဲတမ်း အမေကပါနေကျလိုမျိုး ဖြစ်သွားတယ်။ အမေ မပါတဲ့ အခါလည်းရှိပါတယ်။ ဥပမာ အမေကျန်းမာရေးမကောင်းတဲ့အခါတို့ ဥပုပ်နေ့ဖြစ်နေတာတို့ အိမ်မှာ ဧည့်သည် ရှိနေတာတို့ ခရီးဝေးက ပြန်လာလို့ ပင်ပန်းတဲ့အချိန် ဒီလောက်ပဲ နားတယ်။ ကျန်တဲ့အချိန််တွေက အမေက ရှုတင်လိုက်ပေးတာ အကျင့်ဖြစ်နေတာပေါ့” လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကရော နေတိုးကို အနုပညာရှင်အသိုင်းအဝိုင်းထဲက သူနဲ့ပဲ သဘောတူလား၊ ဒါမှမဟုတ် အပြင်က တစ်ယောက်ယောက်နဲ့လား။

Source : Irrawaddy

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။