ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ အနုပညာပိုင်းမှာတော်ရုံသာမကပဲ ပန်းချီဆွဲရာမှာလည်း တကယ်ကိုထူးချွန်လွန်းသူပါနော်။ သူရဲ့ သမီးချောလေး ပြေသုဒြာကလည်း မိခင်ခြေရာကို အမှီလိုက်နိုင်သူပါနော်။ သားအမိနှစ်ယောက်ရေးဆွဲထားတဲ့ ပန်းချီလေးတွေကို ရောင်းချပြီး ကိုဗစ်ကာလမှာ အလှူပြုဖို့အတွက်လည်း ပါဝင်ယှဥ်ပြိုင်ထားတာကို တွေ့ရပါတယ် ။ ယနေ့မှာတော့ " အူဝဲနဲ့သမီးလေးပြေသုဒြာတို့ရဲ့ ပန်းချီလေးတွေကို အခုလို တန်ဖိုးထားပြီး ဝယ်ယူလှူဒါန်းပေးကြတာကို ကျေးဇူးအများကြီးတင်ပါတယ်။

Photo credit - Eaindra Kyaw Zin's Facebook Account
Photo credit - Eaindra Kyaw Zin's Facebook Account

ဒီပန်းချီကားလေးတွေက အနုပညာအရကြည့်ရင် ဝါသနာအရဆွဲထားတဲ့ ဝါသနာရှင်အဆင့်အရည်အသွေးလောက်ပဲရှိတဲ့ ပန်းချီလေးတွေကို ဒီလောက်ငွေကြေးတွေအထိ တန်ဖိုးထားပြီး အူဝဲနဲ့ ပြေသုဒြာလေးကို ချစ်ပေးပြီး အလှူလေးကို အားတက်သရောပါဝင်ပေးကြလို့လဲ ပိုပြီး ဝမ်းသာကြည်နူးပြီး ကျေးဇူးတင်ရပါတယ်။ ဒီပန်းချီလေးတွေကို လေလံအပြိုင်ဝင်ဆွဲပြီး အလှူမှာပါဝင်ပေးခဲ့သူတွေရောလေလံအောင်ခဲ့တဲ့ The Care Fly film Production (မျှော်လင့်ခြင်းပြတင်းပေါက် ပန်းချီကားလေး)၊

Photo credit - Eaindra Kyaw Zin's Facebook Account
Photo credit - Eaindra Kyaw Zin's Facebook Account

မကြာကြာ ( အပြင်မထွက်ဘူး တံခါးပိတ်ထားမယ် ပန်းချီကားလေး) နဲ့ ချစ်သော ArT အားတီ က သုသုလေးရဲ့ Running Free ပန်းချီလေးတွေကို ဝယ်ယူပြီး လှူဒါန်းခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း အူဝဲအတွက်တော့ ဒီ stay home သီတင်းကျွတ်လေးက မမေ့နိုင်တဲ့ ပျော်စရာအမှတ်တရလေး တခုဖြစ်ခဲ့ပါပြီ ချစ်သောပရိတ်သတ်ကြီး အားလုံး ကျန်းမာဘေးကင်းသောဆုနဲ့ပြည့်ဝကြပါစေ " ဆိုပြီးရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Eaindra Kyaw Zin's Facebook Account
Photo credit - Eaindra Kyaw Zin's Facebook Account

Source & Photo credit - Eaindra Kyaw Zin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။