အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေဆဲ မင်းသမီးတွေထဲမှာ နန္ဒာလှိုင်ကလည်း အပါအဝင်ပါနော်။ နန္ဒာက ဗီဒီယိုခေတ်မှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးအောင်မြင်ခဲ့ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်အောင်မြင်ခဲ့သူပါ။ ယခုလို အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်အားပေးမှုကိုတော့ အဆက်မပြတ်ရရှိနေဆဲပါ။

Photo credit - Nandar Hlaing's FB account
Photo credit - Nandar Hlaing's FB account

နန္ဒာက သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သမီးလေး ၃ယောက်ကိုလည်း မွေးဖွားထားပါ​သေးတယ်။ ပြီးပြည့်စုံတဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့အပြင် ခင်ပွန်းသည် ဦးဇေသီဟ ကလည်း လူမှုကွန်ယက်ထက်မှာ ဇနီးနဲ့ပတ်သတ်ပြီး အဆက်မပြတ်မျှဝေလေ့ရှိတာကြောင့် အများက အားကျနေကြတာပါနော်။

Photo credit - Nandar Hlaing's FB account
Photo credit - Nandar Hlaing's FB account

မိသားစုနဲ့အတူဖြတ်သန်းရင်း နန္ဒာက ယနေ့မှာတော့ အသက် ၄၆နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နန္ဒာက သူမရဲ့ မွေးနေ့လေးမှာ ဆယ်ကျော်သက်အရွယ်က ပုံလေးတွေအပြင် " သူလေးတောင် ၄၆နှစ်ပြည့်ပြီပဲ " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားမျှဝေလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ ပရိသတ်ကြီးကလည်း မင်းသမီးကြီး နန္ဒာလှိုင်ကို မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Nandar Hlaing's FB account
Photo credit - Nandar Hlaing's FB account
Photo credit - Nandar Hlaing's FB account

Source & Photo credit - Nandar Hlaing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။