အနုပညာလောကထဲတစ်ကျော့ပြန်ရောက်ရှိလာတဲ့ ဆရာဝန်မလေး ပိုင်ဖြိုးသုဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ ချစ်စဖွယ်ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေပိုများလာတာပါ။ လက်တလောမှာတော့ မင်းသမီးချော ပိုင်ဖြိုးသု ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးနေရပြီး လက်တလောပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိနေတဲ့ ဇာတ်ကားကတော့ နေဝင်အိပ်တန်းတက် ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။အခုလို အနုပညာဘက်မှာ အောင်မြင်မှုရရှိနေတဲ့ ပိုင်ဖြိီုးုသု ရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်ကတော့ ကျောင်းဆရာမ ဖြစ်တယ်လို့ Sunday အင်တာဗျုးမှာ ပြောပြခဲ့ပါတယ်။
သုသု့ရဲ့အိပ်မက်ဆိုရင် သုသုကဆရာမအရမ်းဖြစ်ချင်ခဲ့တယ်။ ကလေးတွေကိုစာသင်ချင်တယ်။ ဒါပေမဲ့မေမေက ဆရာဝန်ပဲလုပ်ခိုင်းတယ်။ (၈)နှစ်သမီးအရွယ်လောက်ကတည်းက ရုပ်ရှင်ရိုက်ရင်းနဲ့ မင်းသမီးလုပ်ချင်စိတ်တော့မဖြစ်သေးဘူး။ ဒါပေမဲ့ ရုပ်ရှင်တော့ရိုက်ချင်တယ်။ (၁၀)တန်းရောက်တော့ မေမေကရုပ်ရှင်ရိုက်ချင်ရင်(၁၀)တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်ရမယ်လို့ပြောပါတယ်။ အမှန်တော့ သုသုကအရမ်းပျင်းတယ်။ သရုပ်ဆောင်ရတာကို၀ါသနာပါတော့ (၁၀)တန်းမှာကြိုးစားလိုက်တယ်။ ဘာသာစုံဂုဏ်ထူးထွက်ခဲ့တယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။
သတင်းအရင်းမြစ် paing pyo thu fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။