ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကို အပြည့်အဝပိုင်ဆိုင်ထားပြီး မနဲ့ မောင်စုံတွဲလေးကို အချိန်အတော်ကြာတည်ဆောက်ထားတဲ့သူတွေကတော့ သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ပဲ ​ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေတဲ့ သူတို့နှစ်ယောက်က အမြဲ Romantic ဆန်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

Relationship သက်တမ်းအတော်ကြာပြီဖြစ်တဲ့ ဘေဘီနဲ့ သားဂန်းက လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲနှစ်ယောက်အတူ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ချပြလေ့ရှိသူတွေပါ။ ပွင့်ပွင့်လင်းလင်းရှိပြီး လူမှုဆက်ဆံရေးပြေပြစ်တဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

ယနေ့မှာတော့ ဘေဘီက လူမှုကွန်ယက်ထက်မှာ " ဒီညကျရင်တော့ပွဲ ကြီးပွဲကောင်းပဲ ဘောလုံးချစ်တဲ့ပရိသတ်တို့ ဘေဘီက မန်ယူ& သားဂန်းကအာကြီး​ပွဲကြီးပွဲကောင်းတော့တွေ့ပြီပေါ့ ကိုသားဂန်းရယ် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပါတယ် ဒါပေမယ့် ? မောင့်ကိုလည်းချစ်တယ် မန်ယူကိုလည်း " ဆိုတဲ့ စာသားလေးအပြင် နှစ်ယောက်အတူပုံရိပ်လေးကို တင်ပေးလာတာပါ။ ချစ်သူတွေဆိုပေမယ့် အားပေးတဲ့ ဘောလုံးအသင်းကွဲနေလို့ အချေအတင်ဖြစ်နေတဲ့ ဘေဘီနဲ့ သားဂန်းတို့ရဲ့ Roဆန်ဆန်ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

Source & Photo credit - Baby Maung's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။