ပရိသတ်ရင်ထဲ ဟိုးအရင်ကတည်းက နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ အနုပညာရှင် မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ယခုလက်ရှိအချိန်မှာလည်း အောင်မြင်မှုတွေ တဖန်ရရှိနေပြန်ပါပြီနော်။ ကြော်ငြာတွေကို သူမကိုယ်တိုင် မမှတ်မိနိုင်လောက်အောင် မြောက်များစွာ ရိုက်ကူးခဲ့ရတာကြောင့် အများက ချစ်စနိုးနဲ့ ကြော်ငြာမင်းသမီးလေးလို့ ချီးကျုးခေါ်ဝေါ်ကြတာပါ။

Photo credit - Htet Htet Moe Oo's FB page
Photo credit - Htet Htet Moe Oo's FB page

ထက်ထက်မိုးဦးက အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာ ပရိသတ်တွေကလည်း တစ်ခဲနက်ကြိုဆိုကြသလို အနုပညာရှင်တွေကလည်း ဝမ်းသာနေကြတာပါ။ လက်ရှိမှာ ထက်ထက်က တန်ဖိုးကြီး ရတနာပစ္စည်းတွေကို ဖေ့ဘွတ်စာမျက်နှာထက်မှာ Liveလွှင့်ရောင်းချပေးနေတာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးဝယ်ယူကြတာကို တွေ့ရပါတယ် ။ 

Photo credit - Htet Htet Moe Oo's FB page
Photo credit - Htet Htet Moe Oo's FB page

မနေ့က ထက်ထက်ရဲ့ Live Salesလေးမှာတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မင်းသားချော ပိုင်တံခွန်နဲ့အတူ ရောင်းချခဲ့တာဖြစ်ပြီး ခါတိုင်းနဲ့မတူတဲ့ ကြည့်ရှုသူပရိသတ်ကို ရရှိခဲ့တာဖြစ်လို့ အံ့သြနေခဲ့တာလည်း ဖြစ်ပါတယ်။ ထက်ထက်က သူမရဲ့ Mydayစာမျက်နှာထက်မှာ ပိုင်တံခွန်နဲ့အတူ ပုံလေးကို တင်ပေးလာရင်း " 110kအထိရောက်အောင် အားပေးကြတဲ့ ပရိသတ်တိုင်းကို ကျေးဇူးတင်ပါတယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်.... ။

Photo credit - Htet Htet Moe Oo's FB page

Photo credit - Htet Htet Moe Oo's FB page 

Source - Htet Htet Moe Oo's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။