လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာ AD 79 ခုနှစ်လောက်က ပွန်ပီလို့ခေါ်တဲ့ ရောမမြို့တစ်မြို့ ရှိခဲ့ပါတယ်။

လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ ပွန်ပီမြို့ဟာ အီတလီနိုင်ငံ (Naples) မြို့တော်အနီးမှာ တည်ရှိခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

ပွန်ပီမြို့ဟာ တည်ရှိခဲ့စဥ်က အလွန်သာယာလှပတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပီး မြို့လယ်ခေါင်မှာလည်း အလွန်လှပတဲ့ (Vesuvius)ဗစ်ဆူးဗီးယပ်အမည်ရ မီးတောင်ကြီး ရှိပါတယ်။

Photo from google
Photo from google

ဒီ (Vesuvius ) ဗီဆူးဗီယက် မီးတောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခန့်ကတည်းကဖြစ်တည်လာခဲ့ပြီး ၅ ကြိမ်တိုင်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီ (Vesuvius ) ဗီဆူးဗီယက် မီးတောင်ကြီးဟာ AD 79 ခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့ပြီး ပွန်ပီမြို့တစ်မြို့လုံးကို ချော်ရည်တွေအောက် ဖုံးလွှမ်းစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့်ပဲ ပွန်ပီမြို့က လူဦးရေ ၂၀၀၀ လောက်သေဆုံးခဲ့ရပြီး သူတို့ရဲ့ရုပ်အလောင်းတွေဟာလည်း ချော်ရည်တွေ ပြာမှုန့်တွေအောက်မှာပဲ ပြောက်ကွယ်သွားခဲ့ပါတယ်။

Photo from google
Photo from google
Photo from google

ဒီမြို့ကြီးကိုတော့ ပညာရှင်တွေဟာ 1748 ခုနှစ်မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပီး စိတ်မကောင်းစရာ ချော်ရည်ပူတွေအောက်မှာ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကိုပါ တွေ့ရှိခဲ့ရပါတယ်။

ဒီရုပ်အလောင်းတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပီး သူတို့ရဲ့ပုံစံတွေအရ မသေဆုံးခင်မှာ အင်မတန်ဆိုးဝါးလှတဲ့ နာကြင်မှုဝေဒနါတွေကိုမခံစားနိုင်တဲ့အဆုံး သေပွဲဝင်ခဲ့ရသူတွေဖြစ်တယ်လို့ ပညာရှင်တွေကပြောထားတာကို တွေ့ရပါတယ်။

ဒီကြောက်စရာ ဖြစ်ရပ်ဆိုးကြီးဖြစ်ပေါ်ခဲ့ချိန်က ကိုယ်တိုင်ခံစားရခဲ့ရသူတွေအဖို့တော့ တကယ့်ကို အိမ်မက်ဆိုးကြီး တစ်ခုလိုပါပဲ။

Photo from google
Photo from google
Photo from google
Photo from google

Source - elitereader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။